bible.software › ဝတ်ပြုရာကျမ်း › ဝတ်ပြုရာကျမ်း 23 › ဝတ်ပြုရာကျမ်း 23:18
ဝတ်ပြုရာကျမ်း 23:18
သင်တို့အသိုင်းအဝိုင်းသည်အထက်ပါပူဇော် သကာနှင့်အတူ အနာအဆာကင်းသောတစ် နှစ်သားသိုးကလေးခုနစ်ကောင်၊ နွားထီးတစ် ကောင်နှင့်ဆိတ်နှစ်ကောင်တို့ကိုပူဇော်ရမည်။ ထိုယဇ်ကောင်များကိုမီးရှို့ရာယဇ်အဖြစ် ပူဇော်သည့်အခါ ဘောဇဉ်ပူဇော်သကာ၊ စပျစ် ရည်ပူဇော်သကာတို့ကိုလည်းပူဇော်ရမည်။ ထိုပူဇော်သကာ၏ရနံ့ကိုထာဝရဘုရား နှစ်သက်တော်မူ၏။-
Common Language Bible
In The King James Version
And ye shall offer with the bread seven lambs without blemish of the first year, and one young bullock, and two rams: they shall be for a burnt offering unto the LORD, with their meat offering, and their drink offerings, even an offering made by fire, of sweet savour unto the LORD.
In Context
17မိသားစုတိုင်းကမုန့်နှစ်လုံးကိုယူခဲ့၍ ထာဝရဘုရားအားအထူးပူဇော်သကာ အဖြစ်ဆက်သရမည်။ ယင်းသို့ဆက်သရာ၌ မုန့်တစ်လုံးစီကို တဆေးရောသောမုန့်ညက် လေးပေါင်ဖြင့်ဖုတ်ပြီးလျှင် အဦးဆုံးရ သောကောက်နှံပူဇော်သကာအဖြစ်ထာဝရ ဘုရားအားပူဇော်ရမည်။-
19ထို့အပြင်အပြစ်ဖြေရာယဇ်အဖြစ်ဆိတ် ထီးတစ်ကောင်ကိုလည်းကောင်း၊ မိတ်သဟာယ ယဇ်အဖြစ် တစ်နှစ်သားသိုးကလေးနှစ်ကောင် ကိုလည်းကောင်းပူဇော်ရမည်။-
Read all of ဝတ်ပြုရာကျမ်း 23
Cross References
Leviticus 23:12ဘောဇဉ်ပူဇော်သကာကိုပူဇော်သောနေ့၌ အနာအဆာကင်းသောတစ်နှစ်သားသိုး ကလေးကိုလည်းမီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။-
Numbers 28:27သင်တို့သည်အပြစ်အနာကင်းသောနွားထီး ပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးခုနစ်ကောင်ကို ထာဝရဘုရား နှစ်သက်ဖွယ်ရနံ့အဖြစ်မီးရှို့ပူဇော်ရမည်။-
This Verse In Other Editions
Study ဝတ်ပြုရာကျမ်း 23:18