ဝတ်ပြုရာကျမ်း 23:36
ခုနစ်ရက်ပတ်လုံးနေ့စဉ်ပူဇော်သကာကို ဆက်သရမည်။ အဋ္ဌမနေ့၌တစ်ဖန်ဝတ်ပြု ကိုးကွယ်ရန်စုဝေး၍ ပူဇော်သကာကိုဆက် သရမည်။ ထိုနေ့သည်ဝတ်ပြုကိုးကွယ်ရာ နေ့ဖြစ်သောကြောင့်အလုပ်မလုပ်ရ။
Common Language Bible
In The King James Version
In Context
Cross References
Numbers 29:12သင်တို့သည်သတ္တမလတစ်ဆယ့်ငါးရက်နေ့ တွင် စုဝေးဝတ်ပြုရမည်။ ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းသောဤပွဲတော်ကိုခုနစ် ရက်တိုင်တိုင်ကျင်းပရမည်။ ထိုရက်များတွင် အလုပ်မလုပ်ရ။-
2 Chronicles 7:8ရှောလမုန်မင်းနှင့်မြောက်ဘက်ဟာမတ်တောင် ကြားမှတောင်ဘက်အီဂျစ်ပြည်နယ်စပ်တိုင် အောင် အရပ်ရပ်မှလာရောက်ကြသောဣသရေလ ပြည်သူအပေါင်းတို့သည် သစ်ခက်တဲနေပွဲ တော်ကိုခုနစ်ရက်တိုင်တိုင်ကျင်းပပြီးနောက်၊-
Joel 1:14အစာရှောင်ကြရန်အမိန့်များကိုထုတ်ပြန်ကာလူထုစည်းဝေးပွဲတစ်ရပ်ကိုကျင်းပကြလော့။ သင်တို့ဘုရားသခင်ထာဝရဘုရား၏ဗိမာန်တော်တွင် ခေါင်းဆောင်များနှင့်၊ယုဒပြည်သားအပေါင်းကိုစုဝေးစေပြီးလျှင်၊ ကိုယ်တော်၏ထံတော်သို့ဟစ်အော်ကြလော့။
John 7:37ပွဲတော်၏နောက်ဆုံးနေ့နှင့်အရေးကြီးဆုံး နေ့၌ သခင်ယေရှုသည်ရပ်လျက် ``ရေငတ် သူသည်ငါ့ထံသို့လာ၍သောက်လော့။-