ဝတ်ပြုရာကျမ်း 25:22
သင်တို့သည်အဋ္ဌမနှစ်တွင်လယ်များကိုစိုက် ပျိုးသောအခါ ဆဋ္ဌမနှစ်ကရိတ်သိမ်းခဲ့သော အသီးအနှံကိုစားနေရဦးမည်။ ထိုနှစ်၌ စိုက်ပျိုးသောအသီးအနှံများကိုမရိတ်သိမ်း မီတိုင်အောင် သင်တို့တွင်အစားအစာဖူလုံ လိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Exodus 16:5ဆဋ္ဌမနေ့တွင်သူတို့သည်ခါတိုင်းနေ့ ထက်မုန့်နှစ်ဆကိုစုသိမ်းထားစေရမည်'' ဟုမိန့်တော်မူ၏။
Joshua 5:11နောက်တစ်နေ့၌သူတို့သည်ပထမဦးဆုံးအကြိမ် အနေဖြင့် ခါနာန်ပြည်ထွက်စပါးနှင့်ပြုလုပ် သောပေါက်ပေါက်နှင့်တဆေးမပါသောမုန့်ကို စားရကြသည်။-
Isaiah 37:30ထိုနောက်ဟေရှာယသည်ဟေဇကိမင်း အား``နောင်အခါဖြစ်ပျက်မည့်အမှုအရာ များ၏ရှေ့ပြေးနိမိတ်ကားဤသို့တည်း။ သင် သည်ယခုနှစ်၌လည်းကောင်း၊ နောင်နှစ်ခါ၌ လည်းကောင်းစပါးရိုင်းကိုသာလျှင်စားရ လိမ့်မည်။ သို့ရာတွင်တတိယနှစ်၌မူဂျုံ စပါးကိုစိုက်ပျိုးရိတ်သိမ်းရလိမ့်မည်။ စပျစ်ပင်များကိုလည်းစိုက်၍စပျစ် သီးများကိုစားရလိမ့်မည်။-