ဝတ်ပြုရာကျမ်း 25:9
ထိုနောက်သတ္တမလဆယ်ရက်နေ့သည်အပြစ် ဖြေရာနေ့ဖြစ်၍ လူတစ်ယောက်အားတစ်ပြည် လုံးသို့လှည့်လည်လျက်တံပိုးခရာမှုတ်စေ လော့။-
Common Language Bible
In The King James Version
In Context
8ခုနစ်နှစ်ခုနစ်လီဖြစ်သော လေးဆယ့်ကိုး နှစ်ကိုရေတွက်လော့။-
Cross References
Leviticus 16:29သင်တို့သည်အောက်တွင်ဖော်ပြပါပညတ်ကို ထာဝစဉ်လိုက်နာစောင့်ထိန်းရမည်။ သတ္တမလ၊ ဆယ်ရက်နေ့တွင်ဣသရေလအမျိုးသား တို့နှင့် သူတို့ထံ၌နေထိုင်သောလူမျိုးခြား တို့သည် အစာရှောင်၍မည်သည့်အလုပ်ကို မျှမလုပ်ရ။-
Leviticus 25:10ဤနည်းအားဖြင့်ငါးဆယ်မြောက်နှစ်ကို သီးသန့်သတ်မှတ်လျက် တိုင်းပြည်တွင်နေ ထိုင်သူအပေါင်းတို့အားလွတ်ငြိမ်းချမ်းသာ ခွင့်ကိုကြေညာရမည်။ အရောင်းအဝယ်ပြု လုပ်ခဲ့သောပစ္စည်းရှိသမျှကို ဤနှစ်၌မူလ ပိုင်ရှင်သို့မဟုတ်သူ၏အဆက်အနွယ် များထံပြန်လည်ပေးအပ်ရမည်။ ငွေဝယ် ကျွန်များကိုသူတို့၏မိသားစုများထံ သို့ပြန်စေရမည်။-
Leviticus 27:24ပြန်လည်ပေးအပ်ခြင်းဆိုင်ရာနှစ်ကျရောက် သည့်အခါ ထိုလယ်မြေကိုမူလပိုင်ရှင်သို့ မဟုတ်သူ၏အဆက်အနွယ်များလက်သို့ ပြန်လည်ပေးအပ်ရမည်။
Numbers 36:4ရောင်းချသောပစ္စည်းအားလုံးကိုမူလပိုင်ရှင် များ၏လက်သို့ပြန်အပ်ရသောပြန်လည်ပေး အပ်ခြင်းဆိုင်ရာယုဘိလနှစ်သို့ရောက်သော အခါ ဇလောဖဒ်သမီးတို့၏မြေသည်သူတို့ စုံဖက်သောအနွယ်ဝင်တို့လက်သို့အမြဲတမ်း ရောက်ရှိမည်ဖြစ်၍ အကျွန်ုပ်တို့၏အနွယ် အတွက်ဆုံးရှုံးနစ်နာပါသည်'' ဟုလျှောက် ထားကြသည်။
Psalms 89:16သူတို့သည်ကိုယ်တော်ရှင်ကိုအကြောင်းပြု၍ တစ်နေ့လုံးဝမ်းမြောက်ရွှင်မြူးလျက်နေကြပါ၏။ ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူသဖြင့် သူတို့သည်ကိုယ်တော်ရှင်အားထောမနာပြုကြပါ၏။