ဝတ်ပြုရာကျမ်း 26:16
ငါသည်သင်တို့အားဒဏ်ခတ်မည်။ ကုသ၍မရ နိုင်သောရောဂါဝေဒနာကိုလည်းကောင်း၊ မျက်စိ ကွယ်ခြင်း၊ အားအင်ကုန်ခန်းခြင်းကိုဖြစ်စေ သောရောဂါဝေဒနာကိုလည်းကောင်း သင်တို့ အားခံစားစေမည်။ သင်တို့သည်အသီးအနှံ များကိုစိုက်ပျိုးသော်လည်း အကျိုးကျေးဇူး ခံစားရမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ရန်သူများသည် သင်တို့ကိုတိုက် ခိုက်အောင်မြင်၍သင်တို့စိုက်ပျိုးသော အသီးအနှံများကိုစားကြမည်ဖြစ် သောကြောင့်တည်း။-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 28:21သင်တို့တွင်ကပ်ရောဂါတစ်မျိုးနောက်တစ်မျိုး ကျရောက်သဖြင့် သင်တို့ဝင်ရောက်သိမ်းယူ မည့်ပြည်၌တစ်ယောက်မကျန်သေကြေ ပျက်စီးရလိမ့်မည်။-
Deuteronomy 28:51သူတို့သည်သင်တို့၏အစားအစာဖြစ် သောသိုးနွားများနှင့် အသီးအနှံများကို စားသုံးကြသဖြင့်သင်တို့သည်အစာငတ် ၍သေကြေပျက်စီးကြလိမ့်မည်။ သင်တို့၏ စပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ သိုးနွားတို့ ကိုအကုန်စားသုံးလိုက်ကြသဖြင့် သင် တို့အစာငတ်၍သေရကြလိမ့်မည်။-
Deuteronomy 32:25စစ်ဘေးကြောင့်လူတို့သည်လမ်းများပေါ်၌ သေဆုံးကြလိမ့်မည်။ နေအိမ်များတွင်ကြောက်မက်ဖွယ်ရာဘေးနှင့် တွေ့ကြုံရလိမ့်မည်။ ယောကျာ်းပျိုနှင့်မိန်းမပျိုတို့သေဆုံးရကြလိမ့်မည်။ နို့စို့ကလေးနှင့်အဖိုးအိုတို့သေဆုံးရကြလိမ့်မည်။
Judges 6:11ထိုနောက်ထာဝရဘုရား၏ကောင်းကင်တမန် သည်သြဖရရွာသို့လာ၍ အဗျေဇာသားချင်း စုဝင်တစ်ဦးဖြစ်သူ၊ ယောရှ၏သပိတ်ပင် အောက်၌ထိုင်လေသည်။ ယောရှ၏သားဂိဒေါင် သည် မိမိအားမိဒျန်အမျိုးသားတို့မတွေ့ မမြင်နိုင်စေရန် စပျစ်သီးနယ်ရာကျင်းတွင် ဂျုံစပါးနယ်လျက်နေ၏။-
Job 15:20ဆိုးသောသူသည် တသက်လုံး ဒုက္ခဆင်းရဲကို ခံရ၏။ ညှဉ်းဆဲဘတ်သော သူသည် မိမိအသက်အပိုင်း အခြားကို မသိရ။
Job 20:25မြှားကိုနှုတ်လျှင် မိမိကိုယ်ထဲက ထွက်လာ၏။ အရောင်တောက် သောထားသည်သူ၏ သည်းခြေထဲက ထွက်လာ၍၊ သူသည် မိန်းမောတွေဝေလျက် နေရ၏။