The Bible Software
bible.software › ဝတ်ပြုရာကျမ်း › ဝတ်ပြုရာကျမ်း 26 › ဝတ်ပြုရာကျမ်း 26:17

ဝတ်ပြုရာကျမ်း 26:17

ငါ​သည်​သင်​တို့​တစ်​ဘက်​၌​ရှိ​သ​ဖြင့် သင်​တို့ သည်​စစ်​ရှုံး​၍​ရန်​သူ​၏​အုပ်​စိုး​ခြင်း​ကို​ခံ​ရ လိမ့်​မည်။ သင်​တို့​သည်​အ​လွန်​ထိတ်​လန့်​သ​ဖြင့် လိုက်​သူ​မ​ရှိ​ဘဲ​နှင့်​ပြေး​ရ​ကြ​လိမ့်​မည်။

Common Language Bible

In The King James Version

And I will set my face against you, and ye shall be slain before your enemies: they that hate you shall reign over you; and ye shall flee when none pursueth you.

In Context

16ငါ​သည်​သင်​တို့​အား​ဒဏ်​ခတ်​မည်။ ကု​သ​၍​မ​ရ နိုင်​သော​ရော​ဂါ​ဝေ​ဒ​နာ​ကို​လည်း​ကောင်း၊ မျက်​စိ ကွယ်​ခြင်း၊ အား​အင်​ကုန်​ခန်း​ခြင်း​ကို​ဖြစ်​စေ သော​ရော​ဂါ​ဝေ​ဒ​နာ​ကို​လည်း​ကောင်း သင်​တို့ အား​ခံ​စား​စေ​မည်။ သင်​တို့​သည်​အ​သီး​အ​နှံ များ​ကို​စိုက်​ပျိုး​သော်​လည်း အ​ကျိုး​ကျေး​ဇူး ခံ​စား​ရ​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​၏​ရန်​သူ​များ​သည် သင်​တို့​ကို​တိုက် ခိုက်​အောင်​မြင်​၍​သင်​တို့​စိုက်​ပျိုး​သော အ​သီး​အ​နှံ​များ​ကို​စား​ကြ​မည်​ဖြစ် သော​ကြောင့်​တည်း။-

18``သင်​တို့​သည်​ထို​မျှ​လောက်​သော​ဒဏ်​ကို​ခံ​ရ လျက်​နှင့် ငါ​၏​ပ​ညတ်​တို့​ကို​မ​စောင့်​ထိန်း​ဘဲ နေ​သေး​လျှင် ငါ​သည်​သင်​တို့​အား​အ​ပြစ် ဒဏ်​ကို​ခု​နစ်​ဆ​တိုး​၍​ခံ​စေ​မည်။-

Read all of ဝတ်ပြုရာကျမ်း 26

Cross References

Leviticus 17:10ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှင့်​နေ​ထိုင်​သော​လူ​မျိုး​ခြား သား​ဖြစ်​စေ၊ သွေး​ပါ​သော​အ​သား​ကို​စား လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​ကို​မျက်​နှာ လွှဲ​၍ မိ​မိ​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​တော် မူ​လိမ့်​မည်။-

Leviticus 26:36``သင်​တို့​သည်​နိုင်​ငံ​ရပ်​ခြား​သို့​ရောက်​ရှိ​နေ​ထိုင် ရ​စဉ် လေ​တိုက်​ခတ်​သော​သစ်​ရွက်​သံ​ကို​ကြား​ရုံ မျှ​ဖြင့်​ကြောက်​လန့်​ထွက်​ပြေး​ရ​လိမ့်​မည်။ သင်​တို့ သည်​စစ်​ပွဲ​၌​ရန်​သူ​လိုက်​၍​ပြေး​ရ​ဘိ​သ​ကဲ့ သို့​ပြေး​ရ​လိမ့်​မည်။ အ​နီး​တွင်​ရန်​သူ​မ​ရှိ​ဘဲ လဲ​ကျ​လိမ့်​မည်။-

Deuteronomy 28:25``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ရန်​သူ များ​အား​အောင်​ပွဲ​ခံ​စေ​မည်။ သင်​တို့​သည် ရန်​သူ​အား​လမ်း​တစ်​လမ်း​တည်း​ဖြင့်​တိုက် ခိုက်​ကြ​လျက် စစ်​ရှုံး​သ​ဖြင့်​လမ်း​အ​သွယ် သွယ်​ဖြင့်​ထွက်​ပြေး​ရ​ကြ​လိမ့်​မည်။-

Judges 3:8သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အ​မျက်​တော်​ထွက်​သ​ဖြင့် မေ​သော​ပေါ​တာ​မိ​ဘု​ရင်​ခု​ရှံ​ရိ​ရှ​သိမ်​အား သူ​တို့​ကို​နှိမ်​နင်း​အောင်​မြင်​စေ​တော်​မူ​၏။ သူ တို့​သည်​ရှစ်​နှစ်​ပတ်​လုံး​ထို​ဘု​ရင်​၏​လက် အောက်​ခံ​ဖြစ်​ရ​ကြ​လေ​သည်။-

Judges 6:2မိ​ဒျန်​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထက်​အင်​အား​ကြီး​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဥ​မင်​များ​၌​လည်း​ကောင်း၊ အ​ခြား​ဘေး​လွတ်​ရာ​တောင်​ပေါ်​ဒေ​သ​များ ၌​လည်း​ကောင်း​ပုန်း​အောင်း​နေ​ရ​ကြ​ကုန်​၏။-

1 Samuel 12:15``သို့​ရာ​တွင်​သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​စ​ကား​ကို​နား​မ​ထောင်​ဘဲ အ​မိန့်​တော်​ကို လွန်​ဆန်​ကြ​ပါ​လျှင် ကိုယ်​တော်​သည်​သင်​တို့ နှင့်​သင်​တို့​၏​ဘု​ရင်​အား​ဆန့်​ကျင်​ဘက် ပြု​တော်​မူ​လိမ့်​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဝတ်ပြုရာကျမ်း 26:17

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဝတ်ပြုရာကျမ်း 26:16ဝတ်ပြုရာကျမ်း 26ဝတ်ပြုရာကျမ်း 26:18 →