ဝတ်ပြုရာကျမ်း 26:18
``သင်တို့သည်ထိုမျှလောက်သောဒဏ်ကိုခံရ လျက်နှင့် ငါ၏ပညတ်တို့ကိုမစောင့်ထိန်းဘဲ နေသေးလျှင် ငါသည်သင်တို့အားအပြစ် ဒဏ်ကိုခုနစ်ဆတိုး၍ခံစေမည်။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 9:14ကမ္ဘာလောကတစ်ခုလုံး၌ငါကဲ့သို့သော ဘုရားမရှိကြောင်း သင်သိစေရန်ယခုအကြိမ် တွင်သင်နှင့်သင်၏မှူးမတ်ပြည်သူတို့အား ငါ ကိုယ်တိုင်ကပ်သင့်စေမည်။-
Leviticus 26:24ငါသည်သင်တို့တစ်ဘက်၌နေ၍အပြစ်ဒဏ် ကို ယခင်ကထက်ခုနစ်ဆတိုး၍ခံစေမည်။-
1 Samuel 2:5အခါတစ်ပါးကဝစွာစားရသူတို့သည် ယခုအခါ စားရဖို့အတွက်သူရင်းငှားလုပ်ရကြ လေပြီ။ သို့ရာတွင်အစာငတ်မွတ်သူတို့မူကားဝစွာ စားရကြပြီ။ မြုံသောမိန်းမသည်သားသမီးခုနစ်ယောက် မျှပင်ရရှိ၍ သားများသောမိခင်၌မူကားတစ်ယောက်မျှ မကျန်မရှိတော့ပါ။
Proverbs 24:16ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော် လည်း ထပြန်လိမ့်မည်။ မတရားသောသူမူကား၊ လဲသောအခါ ဆုံးရှုံးလိမ့်မည်။
Jeremiah 14:4မိုးခေါင်သဖြင့်မြေကြီးသည်ခြောက်ကပ် လျက်နေ၏။ လယ်သမားတို့သည်စိတ်မချမ်းမသာသော ကြောင့် ဦးခေါင်းခြုံ၍နေကြ၏။