ဝတ်ပြုရာကျမ်း 26:3
``သင်တို့သည်ငါ၏ပညတ်များကိုစောင့်ထိန်း၍ ငါ၏အမိန့်များကိုနာခံလျှင်၊-
Common Language Bible
In The King James Version
If ye walk in my statutes, and keep my commandments, and do them;
In Context
Cross References
Leviticus 18:4ငါ၏ပညတ်များကိုစောင့်ထိန်း၍ ငါမိန့်မှာ သမျှကိုလိုက်လျှောက်လော့။ ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။-
Deuteronomy 7:12``သင်တို့သည်ဤပညတ်တို့ကိုတစ်သဝေမတိမ်း လိုက်နာလျှင် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် ဘိုးဘေးတို့အားကတိထားတော် မူသည့်အတိုင်းပဋိညာဉ်ကိုဆက်လက်တည် စေ၍ ခိုင်မြဲသောမေတ္တာကိုပြတော်မူလိမ့်မည်။-
Deuteronomy 11:14သို့မှသာထာဝရဘုရားသည်သင်တို့ အတွက်စပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ သင်တို့ ၏တိရစ္ဆာန်များအတွက် မြက်စသည်တို့ကို ရရှိစေရန်ဆောင်းဦးပေါက်မိုး၊ နွေဦးပေါက် မိုးကိုအချိန်တန်သောအခါရွာစေတော် မူမည်။ သင်တို့သည်အစာရေစာအလုံ အလောက်ရရှိလိမ့်မည်။-
Joshua 23:14ငါမူကားစုတေရမည့်အချိန်နီးလာပြီ။ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည်ကတိ တော်ရှိသည်အတိုင်း သင်တို့အတွက်ကောင်းချီး မင်္ဂလာရှိသမျှကိုချပေးတော်မူခဲ့သည်ဟု သင်တို့စိတ်အတွင်း၌ခံစားရကြ၏။ ကိုယ်တော် သည်ကတိတော်ရှိသမျှအကောင်အထည်ပေါ် စေခဲ့လေပြီ။ အကောင်အထည်မပေါ်သည့် ကတိတော်ဟူ၍တစ်ခုမျှမရှိ။-
Judges 2:1ထာဝရဘုရား၏ကောင်းကင်တမန်သည် ဂိလဂါလမြို့မှဗောခိမ်မြို့သို့သွား၍ ဣသရေလအမျိုးသားတို့အား``ငါသည် သင်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်ပြီးလျှင် သင်တို့ဘိုးဘေးတို့အားငါကတိပြုခဲ့သည့် ပြည်သို့ပို့ဆောင်ပေးခဲ့၏။ ငါသည်သင်တို့နှင့် ပြုသည့်ပဋိညာဉ်ကိုအဘယ်အခါ၌မျှ ဖျက်လိမ့်မည်မဟုတ်။-
Psalms 81:12သို့ဖြစ်၍ငါသည်သူတို့အားခေါင်းမာမြဲမာ စေရန်နှင့် သူတို့အလိုအတိုင်းပြုကျင့်စေရန်အခွင့်ပေး၏။