ဝတ်ပြုရာကျမ်း 26:45
ငါထာဝရဘုရားသည်ငါ၏လူမျိုးတော်၏ ဘုရားဖြစ်အံ့သောငှာ သူတို့အားအီဂျစ်ပြည် မှထုတ်ဆောင်ခြင်းဖြင့် လူမျိုးအပေါင်းတို့အား ငါ၏တန်ခိုးကိုဖော်ပြစဉ်အခါက သူတို့ ၏ဘိုးဘေးများနှင့်ပြုခဲ့သောပဋိညာဉ်ကို အောက်မေ့သတိရတော်မူမည်'' ဟု မိန့်တော် မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 15:18ထိုအချိန်ထိုနေရာ၌ထာဝရဘုရားသည် အာဗြံနှင့်ပဋိညာဉ်ပြုတော်မူ၏။ ထာဝရ ဘုရားက၊-
Genesis 26:24ထိုညမှာထာဝရဘုရားသည်သူ့အားကိုယ် ထင်ပြ၍``ငါသည်သင်၏အဖအာဗြဟံ၏ ဘုရားဖြစ်၏။ မစိုးရိမ်နှင့်။ ငါသည်သင်တို့နှင့် အတူရှိ၏။ ငါ၏ကျွန်အာဗြဟံအားထား သောကတိတော်ကိုထောက်၍သင့်ကိုကောင်းချီး ပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းများ ပြားစေမည်'' ဟုမိန့်တော်မူသည်။-
Exodus 2:24ထာဝရဘုရားသခင်သည်သူတို့၏ညည်း ညူသံကိုကြားတော်မူ၍အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်ပြုထားသောပဋိညာဉ်ကို သတိရလျက်၊-
Exodus 19:5သင်တို့သည်ငါ၏စကားကိုနားထောင်၍၊ ငါ ၏ပဋိညာဉ်ကိုစောင့်ထိန်းလျှင်ငါပိုင်သော လူမျိုးဖြစ်ကြလိမ့်မည်။ ဤကမ္ဘာမြေကြီး အလုံးစုံကိုငါပိုင်တော်မူသည်။ သို့သော် သင်တို့သည်ငါရွေးကောက်တော်မူသော သူများဖြစ်ရကြမည်။-
Leviticus 11:45ငါသည်သင်တို့၏ထာဝရဘုရားသခင် ဖြစ်အံ့သောငှာ သင်တို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့သောဘုရားဖြစ်တော်မူ၏။ ငါသည်သန့်ရှင်းသောကြောင့် သင်တို့သည် လည်းသန့်ရှင်းကြရမည်။
Leviticus 25:38ဤကားသင်တို့အားခါနာန်ပြည်ကိုပေးရန် နှင့် သင်တို့၏ဘုရားဖြစ်ရန် သင်တို့ကိုအီဂျစ် ပြည်မှထုတ်ဆောင်လာသော သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပညတ်ဖြစ်၏။