ဝတ်ပြုရာကျမ်း 26:8
သင်တို့ဘက်မှလူငါးယောက်သည်ရန်သူတစ်ရာ ကိုလည်းကောင်း၊ သင်တို့ဘက်မှလူတစ်ရာသည် ရန်သူတစ်ထောင်ကိုလည်းကောင်း နှိမ်နင်းအောင် မြင်လိမ့်မည်။-
Common Language Bible
In The King James Version
In Context
7သင်တို့သည်ရန်သူများကိုနှိမ်နင်းအောင်မြင် ရလိမ့်မည်။-
Cross References
Numbers 14:9ထာဝရဘုရားကိုမပုန်ကန်ကြပါနှင့်။ ခါနာန်ပြည်သားတို့ကိုလည်းမကြောက်ရွံ့ ကြပါနှင့်။ ငါတို့သည်သူတို့ကိုလွယ်ကူ စွာတိုက်ခိုက်အောင်မြင်နိုင်ပါမည်။ ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိတော်မူ၍ သူတို့ကိုကွယ်ကာစောင့်ရှောက်သောဘုရား များကိုလည်း နှိမ်နင်းအောင်မြင်တော်မူပြီး ဖြစ်၍မကြောက်ရွံ့ကြပါနှင့်'' ဟုလူတို့ အားပြောကြ၏။-
Deuteronomy 28:7``ထာဝရဘုရားသည် သင်တို့အားတိုက်ခိုက် သောရန်သူများကိုနှိမ်နင်းတော်မူလိမ့်မည်။ သူတို့သည်တစ်လမ်းတည်းဖြင့်လာရောက် တိုက်ခိုက်သော်လည်း လမ်းအသွယ်သွယ်ဖြင့် ထွက်ပြေးရလိမ့်မည်။
Joshua 23:10သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်ကတိတော်ရှိသည်အတိုင်း သင်တို့ အတွက်စစ်တိုက်တော်မူသဖြင့်သင်တို့ အထဲမှသူရဲတစ်ယောက်က ရန်သူတစ် ထောင်ကိုကစဥ့်ကလျားထွက်ပြေးစေ နိုင်၏။-
Judges 15:15ထိုနောက်သူသည်မကြာမီကသေသွားသည့် မြည်းတစ်ကောင်၏မေးရိုးတစ်ချောင်းကိုတွေ့ ရှိသဖြင့်ကောက်ယူပြီးလျှင် ထိုမေးရိုးဖြင့် လူတစ်ထောင်မျှကိုတိုက်ခိုက်သတ်ဖြတ်ပစ် လိုက်လေသည်။
1 Samuel 14:13တောင်ကြားလမ်းထဲမှလေးဖက်တွား၍ထွက် လာခဲ့၏။ လူငယ်သည်လည်းသူ၏နောက်မှ လိုက်လာလေသည်။ ယောနသန်သည်ဖိလိတ္တိ အမျိုးသားတို့အားခုတ်လှဲ၍လူငယ်က သူတို့ကိုသတ်ဖြတ်လိုက်လေသည်။-
1 Chronicles 11:11သူတို့၏နာမည်များမှာပထမဆုံး၊ ဟခ မောနိသားချင်းစုဝင်ယာရှောဗံဖြစ်သည်။ သူသည်သူရဲကောင်းသုံးယောက်တို့တွင်ခေါင်း ဆောင်ဖြစ်၏။ တိုက်ပွဲတစ်ခုတည်း၌ပင်လျှင် လူသုံးရာကိုလှံဖြင့်ထိုးသတ်တိုက်ခိုက်ခဲ့ သူဖြစ်သတည်း။-