ဝတ်ပြုရာကျမ်း 27:3
ကျပ်စံတော်အရပေးဆောင်၍ မိမိကိုယ်ကို ရွေးယူနိုင်သည်။ -အသက်နှစ်ဆယ်မှခြောက်ဆယ်အရွယ်အထိ ယောကျာ်းဖြစ်လျှင်ငွေသားငါးဆယ်ကျပ် -မိန်းမဖြစ်လျှင်ငွေသားသုံးဆယ်ကျပ် -အသက်ငါးနှစ်မှနှစ်ဆယ်အရွယ်အထိ ယောကျာ်းဖြစ်လျှင်ငွေသားနှစ်ဆယ်ကျပ် -မိန်းမဖြစ်လျှင်ငွေသားတစ်ဆယ်ကျပ် -အသက်ငါးနှစ်အောက်ယောကျာ်းကလေးဖြစ်လျှင် ငွေသားငါးကျပ် -အသက်ငါးနှစ်အောက်မိန်းကလေးဖြစ်လျှင် ငွေသားသုံးကျပ် -အသက်ခြောက်ဆယ်ကျော်ယောကျာ်းဖြစ်လျှင် ငွေသားတစ်ဆယ့်ငါးကျပ် -အသက်ခြောက်ဆယ်ကျော်မိန်းမဖြစ်လျှင် ငွေသားတစ်ဆယ်ကျပ်
Common Language Bible
In The King James Version
In Context
Cross References
Exodus 30:13သန်းခေါင်စာရင်းဝင်သူတိုင်းသည်လိုအပ်သော အသက်ဖိုးငွေကို သတ်မှတ်ထားသောစံနှုန်း အတိုင်းခြင်တွယ်၍ပေးရမည်။ လူတိုင်းထို အခွန်ငွေကိုငါ့အားဆက်ကပ်ရမည်။-
Leviticus 5:15တစ်စုံတစ်ယောက်သည်ထာဝရဘုရား၏ သန့်ရှင်းမြင့်မြတ်မှုကို အမှတ်မထင်ထိခိုက် အပြစ်ကူးလွန်မိသော်အပြစ်အနာကင်း သောသိုးထီး၊ သို့မဟုတ်ဆိတ်ထီးကိုထာဝရ ဘုရားထံတော်သို့ယူဆောင်ခဲ့ရမည်။ ထိုသိုး သို့မဟုတ်ဆိတ်၏တန်ဖိုးကို ကျပ်ချိန်တော် အရအဖိုးဖြတ်သည့်ငွေကိုပါဆက်သ ရမည်။-
Leviticus 27:14တစ်စုံတစ်ယောက်သောသူသည် ထာဝရ ဘုရားအားမိမိအိမ်ကိုပူဇော်ဆက်သသည့် အခါ ယဇ်ပုရောဟိတ်သည်အိမ်၏အခြေ အနေကိုစစ်ဆေး၍ တန်ဖိုးကိုသတ်မှတ် ရမည်။ ထိုသို့သတ်မှတ်သောတန်ဖိုးသည် အတည်ဖြစ်စေရမည်။-
Numbers 3:47တစ်ဦးလျှင်တရားဝင်ချင်တွယ်နည်းအရ ငွေသားငါးကျပ်ဖြင့်ရွေးယူရမည်။-
2 Kings 12:4ယောရှသည်ယဇ်ပုရောဟိတ်တို့ကိုခေါ်ပြီး လျှင် ဗိမာန်တော်အတွင်း၌ယဇ်ပူဇော်မှုနှင့် ပတ်သက်၍ရရှိသည့်ငွေများ၊ ယဇ်ကောင် များအတွက်ပေးချေငွေများနှင့် စေတနာ အလျောက်ပေးလှူငွေများကိုစုဆောင်း ထားရန်အမိန့်ပေး၏။-