The Bible Software
bible.software › ဝတ်ပြုရာကျမ်း › ဝတ်ပြုရာကျမ်း 5 › ဝတ်ပြုရာကျမ်း 5:11

ဝတ်ပြုရာကျမ်း 5:11

သူ​သည်​ချိုး​နှစ်​ကောင် သို့​မ​ဟုတ်​ခို​နှစ်​ကောင် ပူ​ဇော်​ရန်​မ​တတ်​နိုင်​လျှင် အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်​မုန့်​ညက်​နှစ်​ပေါင်​ကို ယဇ်​ပု​ရော​ဟိတ် ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ ယင်း​ပူ​ဇော်​ခြင်း သည်​ဘော​ဇဉ်​သ​ကာ​ပူ​ဇော်​ခြင်း​မ​ဟုတ်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ခြင်း​ဖြစ် သော​ကြောင့် မုန့်​ညက်​ပေါ်​တွင်​သံ​လွင်​ဆီ သို့​မ​ဟုတ်၊ အ​မွှေး​နံ့​သာ​ကို​မ​လောင်း​ရ။-

Common Language Bible

In The King James Version

But if he be not able to bring two turtledoves, or two young pigeons, then he that sinned shall bring for his offering the tenth part of an ephah of fine flour for a sin offering; he shall put no oil upon it, neither shall he put any frankincense thereon: for it is a sin offering.

In Context

10ဒု​တိ​ယ​ငှက်​ကို​ပြ​ဋ္ဌာန်း​ချက်​များ​အ​ရ မီး​ရှို့​ပူ​ဇော်​ရ​မည်။ ထို​နည်း​အား​ဖြင့်​ယဇ် ပု​ရော​ဟိတ်​သည် ထို​သူ​၏​အ​ပြစ်​ကို​ဖြေ​ရန် ယဇ်​ပူ​ဇော်​ရ​မည်။ ထို​သူ​သည်​လည်း​အ​ပြစ် လွတ်​လိမ့်​မည်။

12ယဇ်​ပု​ရော​ဟိတ်​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့ မုန့်​ညက်​အ​ကုန်​အ​စင်​ပူ​ဇော်​ဆက်​သ သည့်​အ​ထိမ်း​အ​မှတ်​အ​ဖြစ် မုန့်​ညက်​လက် တစ်​ဆုပ်​စာ​ကို​ယူ​၍​ပူ​ဇော်​သ​ကာ​အ​ဖြစ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ယင်း​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။-

Read all of ဝတ်ပြုရာကျမ်း 5

Cross References

Exodus 16:36(ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ချင်​ခွက် ဖြစ်​သော​တစ်​သြ​မဲ​မှာ​ပြည်​ဝက်​ခန့် ဖြစ်​၏။)

Leviticus 2:4မီး​ဖို​တွင်​ဖုတ်​သော​မုန့်​ကို​ပူ​ဇော်​သော​အ​ခါ မုန့်​တွင်​တ​ဆေး​မ​ပါ​စေ​ရ။ မုန့်​ညက်​နှင့်​သံ လွင်​ဆီ​ရော​၍​ပြု​လုပ်​သော​မုန့်​လုံး​ကို​ဖြစ် စေ၊ သံ​လွင်​ဆီ​သုတ်​သော​မုန့်​ကြွပ်​ပြား​ကို ဖြစ်​စေ​ပူ​ဇော်​နိုင်​သည်။

Leviticus 5:6အ​ပြစ်​ဒဏ်​အ​တွက်​သူ​သည် ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​သိုး​မ​သို့​မ​ဟုတ်​ဆိတ်​မ​ကို​ယဇ် ပူ​ဇော်​ရန်​ယူ​ဆောင်​ခဲ့​ရ​မည်။ ယဇ်​ပု​ရော​ဟိတ် သည် ထို​သူ​၏​အ​ပြစ်​အ​တွက်​ယဇ်​ကောင်​ကို ပူ​ဇော်​ရ​မည်။

Leviticus 5:12ယဇ်​ပု​ရော​ဟိတ်​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့ မုန့်​ညက်​အ​ကုန်​အ​စင်​ပူ​ဇော်​ဆက်​သ သည့်​အ​ထိမ်း​အ​မှတ်​အ​ဖြစ် မုန့်​ညက်​လက် တစ်​ဆုပ်​စာ​ကို​ယူ​၍​ပူ​ဇော်​သ​ကာ​အ​ဖြစ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ယင်း​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။-

Leviticus 14:21ထို​သူ​သည်​ဆင်း​ရဲ​သ​ဖြင့် အ​ထက်​ပါ​ပူ​ဇော် သ​ကာ​များ​ကို​သန့်​စင်​ခြင်း​ဝတ်​အ​တွက် အ​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ရန် မ​တတ်​နိုင်​လျှင် သိုး​ထီး​က​လေး​တစ်​ကောင် ကို​သာ​ယူ​ဆောင်​ခဲ့​ရ​မည်။ ထို​ယဇ်​သည်​ယဇ် ပု​ရော​ဟိတ်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ​ဘွယ်​ဖြစ်​သည်။ သူ​သည်​ဘော​ဇဉ် ပူ​ဇော်​သ​ကာ​အ​တွက် သံ​လွင်​ဆီ​နှင့်​ရော သော​မုန့်​ညက်​နှစ်​ပေါင်​ကို​လည်း​ကောင်း၊ သံ လွင်​ဆီ​အဝက်​သား​ကို​လည်း​ကောင်း​ယူ​ခဲ့ ရ​မည်။-

Numbers 5:15မည်​သို့​ပင်​ဖြစ်​စေ၊ ခင်​ပွန်း​သည်​ဇ​နီး​ကို​ယဇ် ပု​ရော​ဟိတ်​ထံ​သို့​ခေါ်​ဆောင်​သွား​ရ​မည်။ သူ သည်​ပူ​ဇော်​သ​ကာ​အ​ဖြစ် မု​ယော​မုန့်​ညက် နှစ်​ပေါင်​ကို​လည်း​ယူ​ခဲ့​ရ​မည်။ သို့​ရာ​တွင် ပူ​ဇော်​သကာ​သည်​မ​ယုံ​သင်္ကာ​သ​ဖြင့် အ​မှန် တ​ရား​ကို​ဖော်​ထုတ်​ရန်​ဖြစ်​သော​ကြောင့် သူ သည်​မုန့်​ညက်​ပေါ်​တွင်​သံ​လွင်​ဆီ​ကို​မ လောင်း​ရ၊ နံ့​သာ​ပေါင်း​ကို​လည်း​မ​တင်​ရ။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဝတ်ပြုရာကျမ်း 5:11

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဝတ်ပြုရာကျမ်း 5:10ဝတ်ပြုရာကျမ်း 5ဝတ်ပြုရာကျမ်း 5:12 →