ဝတ်ပြုရာကျမ်း 5:12
ယဇ်ပုရောဟိတ်သည်ထာဝရဘုရားထံ တော်သို့ မုန့်ညက်အကုန်အစင်ပူဇော်ဆက်သ သည့်အထိမ်းအမှတ်အဖြစ် မုန့်ညက်လက် တစ်ဆုပ်စာကိုယူ၍ပူဇော်သကာအဖြစ် ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ယင်းသည် အပြစ်ဖြေရာယဇ်ဖြစ်သတည်း။-
Common Language Bible
In The King James Version
In Context
Cross References
Leviticus 1:9ဝမ်းတွင်းသားနှင့်နောက်ခြေများကိုရေဆေး ရမည်။ ထို့နောက်တာဝန်ကျယဇ်ပုရောဟိတ် သည် တိရစ္ဆာန်တစ်ကောင်လုံးကိုပလ္လင်ပေါ်တွင် မီးရှို့ပူဇော်ရမည်။ ဤပူဇော်သကာ၏ရနံ့ ကို ထာဝရဘုရားနှစ်သက်တော်မူ၏။
Leviticus 1:17သူသည်အတောင်ပံများကိုကိုင်၍ငှက်ကိုယ် ကိုဆွဲဖွင့်ရမည်။ သို့ရာတွင်အတောင်များမ ကျွတ်ထွက်စေရ။ ထို့နောက်တစ်ကောင်လုံးကို ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤပူဇော် သကာ၏ရနံ့ကိုထာဝရဘုရားနှစ်သက် တော်မူ၏။
Leviticus 2:9ယဇ်ပုရောဟိတ်သည်ထိုပူဇော်သကာကို ယဇ် ပလ္လင်သို့ယူဆောင်ခဲ့၍ မုန့်အားလုံးကိုထာဝရ ဘုရားအားပူဇော်သည့်အနေဖြင့် မုန့်အနည်း ငယ်ကိုယူပြီးလျှင်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော် ရမည်။ ဤပူဇော်သကာ၏ရနံ့ကိုထာဝရ ဘုရားနှစ်သက်တော်မူ၏။-
Leviticus 4:35ထို့နောက်မိတ်သဟာယယဇ်ကောင်သိုးမှ အဆီကိုထုတ်ယူသကဲ့သို့ သိုးမမှအဆီ ရှိသမျှကိုထုတ်ယူပြီးလျှင်ပူဇော်သကာ နှင့်တကွ ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည်လူ တစ်ဦး၏အပြစ်အတွက် ယဇ်ပူဇော်သဖြင့် ထိုအပြစ်လွတ်လိမ့်မည်။
Numbers 5:26ထိုနောက်သူသည်မုန့်ညက်လက်တစ်ဆုပ်စာမျှကို ယူ၍ ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ နောက် ဆုံးတွင်ယဇ်ပုရောဟိတ်သည် အမျိုးသမီးအား သစ္စာရေကိုသောက်စေရမည်။-