ဝတ်ပြုရာကျမ်း 5:16
သူသည်ဘုရားသခင်၏သန့်ရှင်းမြင့်မြတ် မှုအတွက် မဆောင်ရွက်ခဲ့မိသည့်လျော်ငွေ တန်ဖိုးအပြင် နှစ်ဆယ်ရာခိုင်နှုန်းအပို ဆောင်း၍ယဇ်ပုရောဟိတ်အားပေးရမည်။ ထို နောက်ယဇ်ပုရောဟိတ်သည်ထိုသူ၏အပြစ် အတွက် သိုးထီးသို့မဟုတ်ဆိတ်ကိုပူဇော် သဖြင့်ထိုသူသည်အပြစ်လွတ်လိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 4:26ထိုနောက်မိတ်သဟာယယဇ်ကောင်များ၏ အဆီကိုမီးရှို့ပူဇော်သကဲ့သို့ ဆိတ်အဆီ ရှိသမျှကိုယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော် ရမည်။ ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည် အုပ်ချုပ်သောမင်း၏အပြစ်အတွက်ပူဇော် သဖြင့်ထိုမင်းအပြစ်လွတ်လိမ့်မည်။
Leviticus 5:10ဒုတိယငှက်ကိုပြဋ္ဌာန်းချက်များအရ မီးရှို့ပူဇော်ရမည်။ ထိုနည်းအားဖြင့်ယဇ် ပုရောဟိတ်သည် ထိုသူ၏အပြစ်ကိုဖြေရန် ယဇ်ပူဇော်ရမည်။ ထိုသူသည်လည်းအပြစ် လွတ်လိမ့်မည်။
Leviticus 6:4ထိုအပြစ်များအနက်တစ်မျိုးမျိုးကိုကူး လွန်သူသည်မတရားသဖြင့် ယူထားသမျှ ကိုပြန်၍ပေးအပ်ရမည်။ သူ၌အပြစ်ရှိ ကြောင်းသိရသည့်နေ့၌ မိမိယူထားသော ငွေအပြင်နှစ်ဆယ်ရာခိုင်နှုန်းအပိုဆောင်း ၍ပိုင်ရှင်အားပြန်ပေးရမည်။-
Leviticus 22:14``ယဇ်ပုရောဟိတ်၏မိသားစု၌မပါဝင် သူသည် သန့်ရှင်းသောပူဇော်သကာကိုအမှတ် မဲ့စားမိလျှင် ယဇ်ပုရောဟိတ်အားထိုအစား အစာ၏တန်ဖိုးအပြင် နှစ်ဆယ်ရာခိုင်နှုန်း ထပ်ဆောင်း၍ပေးလျော်ရမည်။-
Leviticus 27:15မိမိအိမ်ကိုပူဇော်ဆက်သသောသူသည် အိမ်ကိုပြန်ဝယ်ယူလိုလျှင် တန်ဖိုးအပြင် နှစ်ဆယ်ရာခိုင်နှုန်းထပ်ဆောင်း၍ပေးရ မည်။