ဝတ်ပြုရာကျမ်း 6:22
အာရုန်၏အဆက်အနွယ်ထဲမှယဇ်ပုရော ဟိတ်မင်းအဖြစ်အမှုတော်ဆောင်ရွက်ရသူ တိုင်းသည် ထိုပူဇော်သကာကိုအစဉ်ဆက်သ ရမည်။ ဤပြဋ္ဌာန်းချက်ကိုထာဝစဉ်လိုက်နာ ရမည်။ ထာဝရဘုရားအားပူဇော်သော ထို ဘောဇဉ်သကာကိုအကုန်အစင်မီးရှို့ ပူဇော်ရမည်။-
Common Language Bible
In The King James Version
In Context
23ယဇ်ပုရောဟိတ်ပူဇော်သောဘောဇဉ်သကာ ကိုမည်သူမျှမစားရ။ မုန့်အားလုံးကိုမီး ရှို့ရမည်။
Cross References
Leviticus 4:3အကယ်၍ယဇ်ပုရောဟိတ်မင်းသည်အပြစ် ပြုမိလျှင် လူတို့အားလည်းအပြစ်ရောက်စေ သည့်အတွက်ကြောင့်သူသည် အပြစ်အနာ ကင်းသောနွားပျိုကို မိမိအပြစ်ဖြေရန် ထာဝရဘုရားအားယဇ်ပူဇော်ရမည်။-
Leviticus 6:10ထိုနောက်ယဇ်ပုရောဟိတ်သည်ပိတ်ချော အပေါ်ရုံအင်္ကျီ၊ ပိတ်ချောဘောင်းဘီတို့ကို ဝတ်ဆင်၍ယဇ်ပလ္လင်ပေါ်ရှိယဇ်ကောင်မှ ကျွမ်းလောင်သောပြာကိုပလ္လင်ဘေးတွင် ထားရမည်။-
Isaiah 53:10ထာဝရဘုရားက၊ ``ထိုသူသည်ငါ၏အလိုတော်အရဝေဒနာ ခံရခြင်းဖြစ်၏။ သူသည်အပြစ်ဖြေရာယဇ်အဖြစ်ဖြင့်မိမိကိုယ် ကို တင်လှူပူဇော်သည်ဖြစ်၍ မိမိ၏သားမြေးအမြောက်အမြားကိုတွေ့မြင်ခွင့် ရရှိလိမ့်မည်။ သူသည်အသက်ရှည်လိမ့်မည်။ ငါ၏အကြံအစည်တော်အောင်မြင်မှုကိုလည်း အထောက်အကူပြုလိမ့်မည်။
Hebrews 7:23ထို့ပြင်အခြားကွာခြားမှုရှိသေး၏။ ယဇ် ပုရောဟိတ်တို့သည်သေရသောကြောင့် သူတို့ သည်အရေအတွက်များကြ၏။-