ဝတ်ပြုရာကျမ်း 7:2
ယဇ်ပလ္လင်၏မြောက်ဘက်ရှိမီးရှို့ရာယဇ်ကောင် များကိုသတ်သည့်နေရာတွင် အပြစ်ဒဏ်ပြေ ရာပူဇော်သကာအတွက်ယဇ်ကောင်ကိုသတ် ရမည်။ သွေးကိုယဇ်ပလ္လင်လေးဘက်စလုံး ပေါ်သို့ပက်ဖျန်းရမည်။-
Common Language Bible
In The King James Version
In Context
Cross References
Leviticus 1:5သူသည်ထိုနေရာတွင်နွားကိုသတ်၍ အာရုန် ၏သားများဖြစ်ကြသောယဇ်ပုရောဟိတ်တို့ ကသွေးကို ထာဝရဘုရားအားဆက်သပြီး လျှင် တဲတော်တံခါးဝတွင်ရှိသောယဇ်ပလ္လင် ဘေးလေးဘက်စလုံးပေါ်သို့ပက်ဖျန်းရ ကြမည်။-
Leviticus 3:2ထိုသူသည်ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝ၌ နွား၏ဦးခေါင်းပေါ်တွင်လက် ကိုတင်၍နွားကိုသတ်ရမည်။ အာရုန်၏သား များဖြစ်ကြသောယဇ်ပုရောဟိတ်တို့သည် ယဇ်ကောင်၏သွေးကိုပလ္လင်၏ဘေးလေးဘက် စလုံးပေါ်သို့ပက်ဖျန်းရမည်။-
Leviticus 4:24ထိုသူသည်ယဇ်ပလ္လင်၏မြောက်ဘက်ရှိမီးရှို့ ရာယဇ်ကောင်များကိုသတ်သည့်နေရာ၌ ဆိတ် ၏ဦးခေါင်းပေါ်တွင်လက်ကိုတင်၍ဆိတ်ကို သတ်ရမည်။ ဤယဇ်ပူဇော်ခြင်းသည်အပြစ် ပြေစေရန်အတွက်ဖြစ်၏။-
Leviticus 4:33သူသည်ယဇ်ပလ္လင်၏မြောက်ဘက်ရှိမီးရှို့ရာ ယဇ်ကောင်များသတ်သည့်နေရာ၌ သိုး၏ဦး ခေါင်းပေါ်တွင်လက်ကိုတင်၍သိုးကိုသတ် ရမည်။-
Numbers 6:12နာဇရိဂိုဏ်းဝင်အဖြစ် မိမိကိုယ်ကိုအသစ် တစ်ဖန်ဆက်ကပ်ရမည်။ ထာဝရဘုရားအား ဆက်ကပ်ထားသောဆံပင်သည်ညစ်ညမ်းသွား သောကြောင့် ယခင်အဋ္ဌိဋ္ဌာန်ကာလသည်ပျက် ပြယ်ပြီဖြစ်၏။ သူသည်ပြစ်ဒဏ်ပြေရာယဇ် ပူဇော်ရန် တစ်နှစ်သားသိုးကလေးကိုယူ ခဲ့ရမည်။