ဝတ်ပြုရာကျမ်း 8:14
ထိုနောက်မောရှေသည်ထာဝရဘုရားမိန့် မှာတော်မူသည့်အတိုင်း အပြစ်ဖြေရာယဇ် ပူဇော်ရန်နွားပျိုကိုထုတ်ဆောင်ခဲ့၍ အာရုန် နှင့်သူ၏သားတို့အားနွား၏ဦးခေါင်းပေါ် တွင်လက်ကိုတင်စေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 29:10``ထိုနောက်နွားထီးကိုငါစံရာတဲတော်အရှေ့ သို့ဆောင်ခဲ့၍ အာရုန်နှင့်သူ၏သားများအား နွား၏ဦးခေါင်းပေါ်တွင်လက်ကိုတင်စေရမည်။-
Leviticus 4:3အကယ်၍ယဇ်ပုရောဟိတ်မင်းသည်အပြစ် ပြုမိလျှင် လူတို့အားလည်းအပြစ်ရောက်စေ သည့်အတွက်ကြောင့်သူသည် အပြစ်အနာ ကင်းသောနွားပျိုကို မိမိအပြစ်ဖြေရန် ထာဝရဘုရားအားယဇ်ပူဇော်ရမည်။-
Leviticus 8:2``အာရုန်နှင့်သူ၏သားတို့ကိုငါစံတော်မူရာ တဲတော်တံခါးဝသို့ခေါ်ဆောင်ခဲ့လော့။ ယဇ် ပုရောဟိတ်ဝတ်စုံများ၊ သိက္ခာတင်ဆီ၊ အပြစ်ဖြေ ရာယဇ်အတွက်နွားပျိုတစ်ကောင်၊ သိုးထီးနှစ် ကောင်၊ တဆေးမဲ့မုန့်တစ်တောင်းကိုယူခဲ့လော့။-
Leviticus 16:21သူသည်ဆိတ်၏ဦးခေါင်းပေါ်တွင်လက် နှစ်ဘက်ကိုတင်လျက် ဣသရေလအမျိုး သားတို့၏ဒုစရိုက်အပြစ်နှင့်ပုန်ကန်မှု ရှိသမျှကိုဝန်ချသောအားဖြင့် ထိုဒုစရိုက် အပြစ်များကိုဆိတ်၏ဦးခေါင်းပေါ်သို့ ကျရောက်စေသည်။ ထိုနောက်တာဝန်ကျ သောသူသည် ဆိတ်ကိုတောကန္တာရထဲ သို့မောင်းနှင်ရမည်။-
Psalms 66:15ကျွန်တော်မျိုးသည်ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရန် သိုးကိုဆက်သပါမည်။ ကျွန်တော်မျိုးသည်နွားနှင့်ဆိတ်များကို ယဇ်ပူဇော်ပါမည်။ မီးရှို့ရာယဇ်များမှမီးခိုးသည်ကောင်းကင်သို့ တက်ပါလိမ့်မည်။
Ezekiel 43:19ငါ၏ရှေ့တော်သို့ဝင်၍အမှုတော်ဆောင်သူ များမှာဇာဒုတ်၏သားမြေး၊ လေဝိအနွယ် ဝင်ယဇ်ပုရောဟိတ်များဖြစ်ရမည်။ ဤကား ငါအရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။ သင်သည်အပြစ်ဖြေရာယဇ် ပူဇော်ရန်အတွက်နွားထီးပျိုတစ်ကောင် ကိုသူတို့အားပေးရမည်။-