ဝတ်ပြုရာကျမ်း 9:3
ဆိတ်ထီးတစ်ကောင်ကိုအပြစ်ဖြေရာယဇ် အဖြစ်၊ အပြစ်အနာကင်းသောတစ်နှစ်သား အရွယ်နွားကလေးတစ်ကောင်နှင့် သိုးငယ် တစ်ကောင်ကိုမီးရှို့ရာယဇ်အဖြစ်၊ နွားထီး တစ်ကောင်နှင့်သိုးထီးတစ်ကောင်ကို မိတ်သဟာ ယယဇ်အဖြစ်ပူဇော်ရမည်ဟု ဣသရေလ အမျိုးသားတို့အားဆင့်ဆိုလော့။ သူတို့ သည်ထိုယဇ်ကောင်များကိုဆီနှင့်ရောသော ဘောဇဉ်ပူဇော်သကာနှင့်အတူ ထာဝရ ဘုရားအားပူဇော်ရမည်။ ယနေ့တွင်ထာ ဝရဘုရားသည်သူတို့ထံသို့ကြွလာ တော်မူမည်'' ဟုဆို၏။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 4:3အကယ်၍ယဇ်ပုရောဟိတ်မင်းသည်အပြစ် ပြုမိလျှင် လူတို့အားလည်းအပြစ်ရောက်စေ သည့်အတွက်ကြောင့်သူသည် အပြစ်အနာ ကင်းသောနွားပျိုကို မိမိအပြစ်ဖြေရန် ထာဝရဘုရားအားယဇ်ပူဇော်ရမည်။-
Leviticus 12:6မိခင်သည်သားကိုဖွားမြင်သည်ဖြစ်စေ၊ သမီးကို ဖွားမြင်သည်ဖြစ်စေသွေးမသန့်သည့်ကာလပြီး ဆုံးသောအခါ မီးရှို့ရာယဇ်ပူဇော်ရန်တစ်နှစ်သား သိုးကလေးကိုလည်းကောင်း၊ အပြစ်ဖြေရာယဇ်ပူ ဇော်ရန် ချိုးသို့မဟုတ်ခိုတစ်ကောင်ကိုလည်းကောင်း ထာဝရဘုရားစံတော်မူရာတဲတော်တံခါးဝ သို့ယူဆောင်ခဲ့၍ယဇ်ပုရောဟိတ်ထံအပ်ရမည်။-
Leviticus 16:5ဣသရေလအမျိုးသားတို့သည် အပြစ် ဖြေရာယဇ်အတွက်ဆိတ်ထီးနှစ်ကောင်နှင့် မီးရှို့ရာယဇ်အတွက်သိုးထီးတစ်ကောင် ကိုအာရုန်ထံသို့ယူဆောင်ခဲ့ရမည်။-
Leviticus 23:12ဘောဇဉ်ပူဇော်သကာကိုပူဇော်သောနေ့၌ အနာအဆာကင်းသောတစ်နှစ်သားသိုး ကလေးကိုလည်းမီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။-
Ezra 10:19သူတို့သည်မိမိတို့ဇနီးများနှင့်ကွာရှင်း ပါမည်ဟုကတိပြုကြပြီးလျှင် မိမိတို့ အပြစ်များအတွက်သိုးထီးတစ်ကောင်ကို ယဇ်ပူဇော်ကြ၏။
Romans 8:3လူ့ဇာတိသဘောအားနည်းမှုကြောင့်ပညတ် တရားက မဆောင်ရွက်ပေးနိုင်သောအမှုကို ဘုရားသခင်ကဆောင်ရွက်ပေးတော်မူ၏။ ကိုယ်တော်သည်လူ့ဇာတိသဘောတွင်သက် ရှင်လှုပ်ရှားသည့်အပြစ်တရားကိုအပြစ် ဒဏ်စီရင်ရန် မိမိ၏သားတော်အားလောက သို့စေလွှတ်တော်မူ၏။ သားတော်သည်အပြစ် တရားကိုဖျက်ဆီးပစ်ရန်လူ့ဇာတိကို ခံယူတော်မူသည်။-