ဝတ်ပြုရာကျမ်း 9:7
ထို့နောက်သူသည်အာရုန်အား``သင်၏အပြစ် နှင့်ဣသရေလအမျိုးသားတို့၏အပြစ် ပြေရန်အတွက် ယဇ်ပလ္လင်သို့သွား၍အပြစ် ဖြေရာယဇ်ကိုလည်းကောင်း၊ မီးရှို့ရာယဇ်ကို လည်းကောင်းပူဇော်လော့။ ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း ဣသရေလအမျိုး သားတို့အတွက်အပြစ်ဖြေရာယဇ်ကို ပူဇော်လော့'' ဟုဆိုလေ၏။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 4:3အကယ်၍ယဇ်ပုရောဟိတ်မင်းသည်အပြစ် ပြုမိလျှင် လူတို့အားလည်းအပြစ်ရောက်စေ သည့်အတွက်ကြောင့်သူသည် အပြစ်အနာ ကင်းသောနွားပျိုကို မိမိအပြစ်ဖြေရန် ထာဝရဘုရားအားယဇ်ပူဇော်ရမည်။-
Leviticus 8:34သင်တို့အပြစ်ပြေစေရန်အတွက်ငါတို့ ယနေ့ပြုသောအမှုသည် ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်းဖြစ်သည်။-
Leviticus 16:6သူသည်မိမိအပြစ်များနှင့် မိမိ၏ မိသားစုအပြစ်များဖြေရန် နွားထီး ကိုပူဇော်ရမည်။-
Leviticus 16:24သူသည်သီးသန့်နေရာတွင်ရေချိုးပြီးနောက် မိမိ၏အဝတ်အင်္ကျီများကိုဝတ်ဆင်ရမည်။ ထို့နောက်သူသည်ယဇ်ပလ္လင်သို့ထွက်သွား၍ မိမိ၏အပြစ်နှင့်ဣသရေလအမျိုးသား တို့၏အပြစ်များအတွက် မီးရှို့ရာယဇ်ကို ပူဇော်ရမည်။-
Hebrews 5:1ယဇ်ပုရောဟိတ်မင်းမည်သည်ကားအပြစ် ဖြေရာယဇ်နှင့် ပူဇော်သကာများကိုဆက်သ ရန်အတွက် လူတို့၏ကိုယ်စားဘုရားသခင် ၏အမှုတော်ကိုထမ်းဆောင်ရန် ရွေးချယ်ခန့် ထားခြင်းခံရသူဖြစ်၏။-
Hebrews 7:27ယဇ်ပုရောဟိတ်မင်းတို့သည်နေ့စဉ်ဦးစွာပထမ မိမိတို့ကိုယ်ပိုင်အပြစ်များအတွက်လည်းကောင်း၊ ထိုနောက်လူတို့၏အပြစ်များအတွက်လည်းကောင်း ယဇ်ပူဇော်ကြရလေသည်။ ကိုယ်တော်မူကားဤသို့ ပြုရန်မလို။ အဘယ်ကြောင့်ဆိုသော်မိမိအသက် ကိုတင်လှူပူဇော်စဉ်အခါက တစ်ကြိမ်တည်း အပြီးအပိုင်ယဇ်ပူဇော်ခဲ့ပြီးဖြစ်သော ကြောင့်တည်း။-