ရှင်လုကာခရစ်ဝင် 1:11
ထိုအခါထာဝရဘုရား၏ကောင်းကင်တမန် သည် ဇာခရိ၏ရှေ့တွင်ပေါ်လာ၍နံ့သာပေါင်း ကို မီးရှို့ပူဇော်ရာပလ္လင်၏လက်ယာဘက်တွင် ရပ်လျက်နေ၏။-
Common Language Bible
In The King James Version
And there appeared unto him an angel of the Lord standing on the right side of the altar of incense.
In Context
12ဇာခရိသည်ကောင်းကင်တမန်ကိုမြင်သော အခါစိတ်တုန်လှုပ်ချောက်ချားသွား၏။-
Cross References
Exodus 37:25သူသည်နံ့သာပေါင်းမီးရှို့ပူဇော်ရာပလ္လင်ကို အကာရှသစ်သားဖြင့်ပြုလုပ်၏။ ထိုပလ္လင် သည်အလျားတစ်ဆယ့်ရှစ်လက်မ၊ အနံ တစ်ဆယ့်ရှစ်လက်မ၊ အမြင့်သုံးဆယ့်ခြောက် လက်မရှိ၏။ ဦးချိုပုံသဏ္ဌာန်ထောင့်ချွန် အတက်များသည်ပလ္လင်နှင့်တစ်သားတည်း ရှိ၏။-
Leviticus 16:13ထိုနောက်ထာဝရဘုရား၏ရှေ့တော်တွင် နံ့သာကိုမီးခဲပေါ်၌ဖြူးရမည်။ နံ့သာ မှထွက်သောမီးခိုးသည်ပဋိညာဉ်သေတ္တာ ဖုံးကိုကွယ်ထားသဖြင့် သူသည်အဖုံးကို မမြင်နိုင်သောကြောင့်အသက်ချမ်းသာ ရာရလိမ့်မည်။-
Judges 13:9ဘုရားသခင်သည်လည်းမာနော်တောင်း လျှောက်သည့်အတိုင်းပြုတော်မူသဖြင့် ကိုယ် တော်၏ကောင်းကင်တမန်သည်လယ်ထဲ၌ ထိုင်နေသောအမျိုးသမီးထံသို့ပြန်လာ လေသည်။ ထိုအခါ၌သူ၏ခင်ပွန်း မာနော်မှာသူနှင့်အတူမရှိချေ။-
Luke 1:28သူ၏နာမည်မှာမာရိဖြစ်၏။ ကောင်းကင်တမန် သည်မာရိထံသို့လာ၍ ``ထူးကဲသောကျေးဇူး တော်ကိုခံစားရသည့်အမျိုးသမီး၊ သင်သည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူသည်'' ဟုဆို၏။
Acts 5:19သို့သော်ညအခါ၌သခင်ဘုရား၏ ကောင်းကင်တမန်သည် ထောင်တံခါးများ ကိုဖွင့်၍ တမန်တော်တို့ကိုအပြင်သို့ ခေါ်ထုတ်ပြီးလျှင်၊-
Hebrews 1:14ထိုသို့ဖြစ်ပါမူ၊ ကောင်းကင်တမန်များမှာ အဘယ်သို့သောသူများနည်း။ သူတို့သည် ကယ်တင်ခြင်းခံရမည့်သူတို့အားကူညီ မစရန် ဘုရားသခင်စေလွှတ်တော်မူသည့် အစေခံဝိညာဉ်များဖြစ်ပေသည်။