ရှင်လုကာခရစ်ဝင် 1:18
ဇာခရိက ``ဤသို့ဖြစ်မည်ကိုအဘယ်သို့သိ နိုင်ပါမည်နည်း။ အကျွန်ုပ်သည်အိုမင်းသူဖြစ် ပါ၏။ အကျွန်ုပ်၏ဇနီးမှာလည်းအသက်ကြီး ရင့်ပါပြီ'' ဟုကောင်းကင်တမန်အားပြန် ပြော၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 17:17အာဗြဟံသည်မျက်နှာကိုမြေကြီးနှင့်ထိ အောင်ပျပ်ဝပ်နေစဉ်``အသက်တစ်ရာရှိသူ၌ ကလေးရနိုင်ပါဦးမည်လော။ အသက်ကိုး ဆယ်ရှိသူစာရာ၌ကလေးမွေးနိုင်ပါဦး မည်လော'' ဟုတွေးတောမိသဖြင့်ရယ်လေ သည်။-
Numbers 11:21မောရှေကထာဝရဘုရားအား``အကျွန်ုပ်မှာ လူပေါင်းခြောက်သိန်းရှိပါ၏။ ကိုယ်တော်က သူတို့အားတစ်လပတ်လုံးအသားကျွေး မည်ဟုမိန့်တော်မူပါသည်။-
2 Kings 7:2မင်းကြီး၏သက်တော်စောင့်အဖြစ်ဖြင့် လိုက်ပါ လာသည့်တပ်မှူးက``အကယ်၍ထာဝရဘုရား ကိုယ်တော်တိုင်ပင်လျှင်မိုးကိုချက်ချင်းရွာစေ ကာမူ ဤသို့ဖြစ်နိုင်လိမ့်မည်မဟုတ်'' ဟုပြော၏။ ဧလိရှဲက``သင်သည်ဤသို့ဖြစ်ပျက်သည်ကို တွေ့မြင်ရမည်ဖြစ်သော်လည်း စားရလိမ့်မည် မဟုတ်'' ဟုပြန်ပြောလေ၏။
Luke 1:7သို့သော်ဧလိရှဗက်သည်အမြုံဖြစ်၍သားသမီး မရ။ သူတို့နှစ်ဦးလုံးပင်အသက်ကြီးရင့်ကြ လေပြီ။-
Romans 4:19ထိုအချိန်၌အာဗြဟံသည်အသက်တစ်ရာ ခန့်ပင်ရှိ၍ မိမိ၏ကိုယ်ခန္ဓာသည်အသေကဲ့သို့ ဖြစ်လျက်နေကြောင်းကိုလည်းကောင်း၊ စာရာ သည်လည်းကလေးမရနိုင်ကြောင်းကိုလည်း ကောင်းသိသော်လည်း ဘုရားသခင်အပေါ်တွင် ယုံကြည်မှုခိုင်မြဲလျက်ရှိ၏။-