ရှင်လုကာခရစ်ဝင် 1:43
အကျွန်ုပ်အရှင်၏မယ်တော်သည်အဘယ်ကြောင့် အကျွန်ုပ်ထံသို့ကြွလာတော်မူပါသနည်း။ အဘယ် ကြောင့်ဤအခွင့်ထူးကိုအကျွန်ုပ်ခံစားရပါသနည်း။-
Common Language Bible
In The King James Version
And whence is this to me, that the mother of my Lord should come to me?
In Context
42``သင်သည်အမျိုးသမီးတကာတို့ထက်မင်္ဂလာ ရှိ၏။ သင်ဖွားအံ့သောသားသည်မင်္ဂလာရှိ၏။-
Cross References
1 Samuel 25:41အဘိဂဲလသည် မြေသို့တိုင်အောင်ဦးညွှတ် ပြီးလျှင်``ကျွန်မသည်ထိုသခင်၏အစေခံ ဖြစ်သဖြင့် သူ့အစေခံများ၏ခြေကိုပင် ဆေးရန်အသင့်ရှိပါ၏'' ဟုဆိုကာ၊-
Matthew 3:14သို့ရာတွင်ယောဟန်က ``အကျွန်ုပ်သည်အရှင်၏ ထံတွင် ဗတ္တိဇံမင်္ဂလာကိုခံယူသင့်သူဖြစ်ပါ လျက် အရှင်သည်အကျွန်ုပ်၏ထံသို့ကြွလာတော် မူပါသလော'' ဟုဆို၍ဆီးတားလေ၏။
Luke 7:7အမိန့်တော်ကိုသာပေးတော်မူပါလျှင် အကျွန်ုပ် ၏အစေခံသည်ကျန်းမာလာပါလိမ့်မည်။-
John 13:5ထိုနောက်ဇလုံတွင်ရေထည့်၍တပည့်တော်တို့ ၏ခြေကိုဆေးပြီးလျှင် ခါးတွင်စည်းထားသော ပဝါနှင့်သုတ်တော်မူ၏။-
John 20:28သောမက ``အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားပါတကား'' ဟုပြန်၍လျှောက်၏။
Philippians 3:8ထိုမျှမကငါ၏အရှင်ခရစ်တော်ယေရှုကိုသိကျွမ်း ရခြင်းသည်ထိုအရာများနှင့်အရာခပ်သိမ်းတို့ထက် တန်ခိုးရှိသည်ဖြစ်၍ ယင်းတို့ကိုငါ့အားရှုံးစေသည့် အရာများဟူ၍မှတ်ယူ၏။ ငါသည်ကိုယ်တော်အတွက် ခပ်သိမ်းသောအရာတို့ကိုစွန့်ပယ်ခဲ့၏။ ခရစ်တော်ကို အမြတ်ရနိုင်ရန်လည်းကောင်း၊ ကိုယ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်နိုင်ရန်လည်းကောင်းထိုအရာ များကိုအမှိုက်သရိုက်ကဲ့သို့ငါထင်မှတ်၏။ ငါသည် ပညတ်တရားကိုစောင့်ထိန်းခြင်းအားဖြင့်ဖြောင့်မတ် ခြင်းမရရှိပေ။ ခရစ်တော်ကိုယုံကြည်ခြင်းအား ဖြင့်သာလျှင်ဖြောင့်မတ်ခြင်းကိုရရှိ၏။ ထိုကဲ့သို့ သောဖြောင့်မတ်ခြင်းသည်ဘုရားသခင်ပေးသနား တော်မူသောဖြောင့်မတ်ခြင်းဖြစ်၍ယုံကြည်ခြင်း အပေါ်တွင်အခြေခံပေသည်။-