ရှင်လုကာခရစ်ဝင် 1:50
ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့အား သားစဉ်မြေးဆက်ကရုဏာထားတော်မူ၏။
Common Language Bible
In The King James Version
And his mercy is on them that fear him from generation to generation.
In Context
51မဟာလက်ရုံးတော်ဖြင့်မာနကြီးသူများကို ဖရိုဖရဲကွဲလွင့်စေတော်မူ၏။
Cross References
Exodus 20:6သို့ရာတွင်ငါ့ကိုချစ်၍ငါ့ပညတ်တို့ကိုစောင့် ထိန်းသောသူတို့အား အမျိုးအစဉ်အဆက် ထောင်သောင်းတိုင်အောင်ငါ၏မေတ္တာကိုပြ တော်မူမည်။
2 Kings 17:39သင်တို့၏ဘုရားသခင်ငါထာဝရဘုရား၏ စကားကိုနားထောင်ရကြမည်။ ငါသည်လည်း သင်တို့အား ရန်သူတို့လက်မှကယ်ဆယ်မည်'' ဟုပညတ်တော်မူခဲ့၏။-
Psalms 85:9ကိုယ်တော်သည်မိမိအားကြောက်ရွံ့ရိုသေသော သူတို့ကိုကယ်တော်မူရန်အမှန်ပင် အသင့်ရှိတော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေတော်သည်လည်း ငါတို့ပြည်တွင်ကျိန်းဝပ်လျက်နေလိမ့်မည်။
Psalms 103:17သို့ရာတွင်ထာဝရဘုရားကိုကြောက်ရွံ့ ရိုသေကြသူတို့အတွက် ကိုယ်တော်ထားရှိတော်မူသောမေတ္တာတော်မူကား ထာဝစဉ်ခိုင်မြဲပေသည်။ ပဋိညာဉ်တော်ကိုစောင့်ထိန်း၍ပညတ်တော်တို့ကို သစ္စာနှင့်လိုက်နာကျင့်သုံးကြသူတို့အပေါ်သို့ ကိုယ်တော်၏ကျေးဇူးကရုဏာတော်သည် သားစဉ်မြေးဆက်သက်ရောက်သတည်း။
Psalms 118:4``ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူပါ၏'' ဟု ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့ ဝန်ခံကြစေ။
Psalms 147:11သို့ရာတွင်မိမိအားကြောက်ရွံ့ရိုသေသူများ၊ ခိုင်မြဲသောမေတ္တာတော်ကိုကိုးစားသူများ ကို နှစ်သက်တော်မူပေသည်။