ရှင်လုကာခရစ်ဝင် 10:11
`သင်တို့အားသတိပေးသည့်အနေဖြင့်ငါတို့ ခြေတွင်ကပ်သည့်သင်တို့မြို့ကမြေမှုန့်ကိုငါ တို့ခါချ၏။ သို့ရာတွင်ဘုရားသခင်၏နိုင်ငံ တော်သည်သင်တို့၏အနီးသို့ရောက်ရှိပြီဖြစ် ကြောင်းကိုသိမှတ်ကြလော့၊-'
Common Language Bible
In The King James Version
In Context
10သင်တို့ကိုမကြိုဆိုလက်မခံသောမြို့တွင် လမ်းများပေါ်သို့ထွက်၍ ဤသို့ပြောကြလော့၊-
Read all of ရှင်လုကာခရစ်ဝင် 10
Cross References
Matthew 10:14သင်တို့ကိုလက်မခံလို၊ သင်တို့ဟောပြောသည့် တရားကိုလည်းမနာယူလိုသည့်အိမ်၊ သို့မဟုတ် မြို့မှထွက်ခွာခဲ့ကြလော့။ ထိုနောက်သင်တို့ခြေ ဖဝါးမှမြေမှုန့်ကိုခါချခဲ့ကြလော့။-
Luke 10:9ထိုမြို့ရှိသူနာများကိုရောဂါပျောက်ကင်းစေ ကြလော့။ ထိုနောက်သူတို့တွင်ဘုရားသခင်၏ နိုင်ငံတော်တည်ချိန်နီးပြီဖြစ်ကြောင်းပြော ကြားကြလော့။-
Acts 13:40ပရောဖက်ကျမ်းများတွင်၊ `ငါမိန့်တော်မူသည်ကိုမထီမဲ့မြင်ပြုသူတို့၊ နားထောင်ကြ။ အံ့သြလျက်သေကြလော့။ ယနေ့ငါပြုမည့်အမှုကိုသူတစ်ပါးက ရှင်းလင်းဖော်ပြသော်လည်း၊ သင်တို့ယုံကြည်ကြလိမ့်မည်မဟုတ်' ဟုဖော်ပြပါရှိ၏။ ထိုဖော်ပြချက်အတိုင်းမ ဖြစ်စေရန်သတိပြုကြလော့'' ဟုဟောပြော လေ၏။
Acts 13:51ပေါလုနှင့်ဗာနဗတို့သည်ထိုသူတို့၏စိတ် သဘောကိုမနှစ်သက်သည့်အနေဖြင့် မိမိ တို့ခြေမှမြေမှုန့်ကိုခါချခဲ့ပြီးလျှင် ဣကောနိမြို့သို့ထွက်သွားကြ၏။-
Romans 10:21သို့ရာတွင်ဣသရေလအမျိုးသားတို့နှင့် ပတ်သက်၍မူကား``ငါ့ကိုဆန့်ကျင်ပုန်ကန်၍ ငါ၏စကားကိုမနာခံသောလူမျိုးအား ငါသည်တစ်နေကုန်လက်ကမ်းလျက်ရှိ၏'' ဟု ဟေရှာယဆို၏။