ရှင်လုကာခရစ်ဝင် 10:31
ယဇ်ပုရောဟိတ်တစ်ပါးသည်ထိုလမ်းအတိုင်း ခရီးပြုလာစဉ်ထိုသူကိုမြင်၏။ သို့ရာတွင် သူသည်ရှောင်ကွင်း၍သွား၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 10
Cross References
2 Samuel 1:6ထိုသူငယ်က``ကျွန်တော်သည်ဂိလဗောတောင် ပေါ်တွင်ရှိနေခိုက်နှင့်ကြုံသဖြင့် ရှောလုမင်း သည်မိမိ၏လှံကိုမှီလျက်နေသည်ကိုလည်း ကောင်း၊ ရန်သူ၏စစ်ရထားများနှင့်မြင်းစီး သူရဲတို့သည်သူ၏အနီးသို့ချဉ်းကပ် လာကြသည်ကိုလည်းကောင်းမြင်ပါ၏။-
Psalms 38:10ကျွန်တော်မျိုး၏နှလုံးသည်ခုန်၍နေပါ၏။ ကျွန်တော်မျိုးတွင်ခွန်အားမရှိတော့ပါ။ ကျွန်တော်မျိုး၏မျက်စိများသည်လည်း မှုံလျက်နေပါ၏။
Psalms 142:4ငါ၏အနီးသို့ကြည့်လိုက်သောအခါကူမ မည့်သူ တစ်စုံတစ်ယောက်မျှမရှိ။ ကာကွယ်စောင့်ရှောက်မည့်သူတစ်ယောက်မျှမရှိ။ အဘယ်သူမျှငါ့ကိုဂရုမစိုက်။
Proverbs 24:11သင်္ချိုင်းသို့ထုတ်၍ အသေခံလုသောသူတို့ကို သင်သည် နှုတ်အံ့သောငှါ၊ အားမထုတ်ဘဲနေလျက်၊
Jeremiah 5:31ပရောဖက်တို့သည်မှန်သောစကားကိုမပြောကြ။ ယဇ်ပုရောဟိတ်တို့သည်ပရောဖက်အမိန့်ပေးသည်အတိုင်းအုပ်စိုးကြ၏။ ငါ၏လူမျိုးတော်ကလည်းဤသို့ပြုကျင့်မှုတို့ကိုမကန့်ကွက်ကြ။ သို့ရာတွင်သူတို့သည်နောက်ဆုံးတစ်နေ့၌အဘယ်သို့ပြုကြမည်နည်း။
Hosea 6:9ယဇ်ပုရောဟိတ်များသည်လုယက်ရန်ချုံ ခိုစောင့်သောဋ္ဌားပြဂိုဏ်းကဲ့သို့ကျင့်ကြံ ကြသည်။ သူတို့သည်ရှေခင်မြို့သို့သွား ရာလမ်း၌ပင်လျှင်လူကိုသတ်ကြ၏။ သူ တို့သည်ဤကဲ့သို့ဆိုးရွားသောရာဇဝတ် မှုများကိုကူးလွန်ကြ၏။-