ရှင်လုကာခရစ်ဝင် 10:40
မာသမူကားဧည့်သည်ဝတ်ဖြင့်ဗျာများနေရ သဖြင့်အထံတော်သို့ချဉ်းကပ်ပြီးလျှင် ``အရှင် ဘုရား၊ ကျွန်မ၏ညီမသည်လုပ်ကျွေးမှုတာဝန် ရှိသမျှကိုကျွန်မတစ်ယောက်တည်းအား ဆောင် ရွက်စေသည်ကိုကိုယ်တော်ရှင်လျစ်လူရှုတော် မူပါသလော။ ကျွန်မကိုကူညီစေရန်သူ့ အားအမိန့်ရှိတော်မူပါ'' ဟုလျှောက်၏။
Common Language Bible
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 10
Cross References
Matthew 14:15ညချမ်းအချိန်ရောက်သောအခါတပည့်တော်တို့ သည်အထံတော်သို့လာ၍ ``ဤအရပ်သည်လူသူ မရှိသည့်အရပ်ဖြစ်ပါ၏။ နေ့အချိန်လည်းကုန်ပါ ပြီ။ လူတို့အားကျေးရွာများသို့သွား၍အစား အစာဝယ်ယူနိုင်ရန်စေလွှတ်တော်မူပါ'' ဟု လျှောက်ထားကြ၏။
Mark 3:21လူအချို့တို့က ``ကိုယ်တော်သည်စိတ်ဖောက်ပြန် သွားပြီ'' ဟုပြောဆိုနေကြ၏။ ဤအကြောင်းကို ကိုယ်တော်၏မိသားစုတို့ကြားကြလျှင် ကိုယ်တော် ကိုစောင့်ရှောက်ရန်အထံတော်သို့လိုက်လာကြ၏။
Luke 12:29``အဘယ်အရာကိုစားရအံ့နည်း၊ အဘယ် အရာကိုသောက်ရအံ့နည်းဟူ၍စိုးရိမ်ပူပန် မှုမရှိကြနှင့်။-