bible.software › ရှင်လုကာခရစ်ဝင် › ရှင်လုကာခရစ်ဝင် 11 › ရှင်လုကာခရစ်ဝင် 11:30
ရှင်လုကာခရစ်ဝင် 11:30
နိနေဝေမြို့သားတို့အတွက်ယောနသည် နိမိတ်လက္ခဏာဖြစ်သကဲ့သို့ဤခေတ်လူတို့ အတွက်လူသားသည်လည်းနိမိတ်လက္ခဏာ ဖြစ်ပေအံ့။-
Common Language Bible
In The King James Version
For as Jonas was a sign unto the Ninevites, so shall also the Son of man be to this generation.
In Context
29လူပရိသတ်တို့သည်စုရုံးလျက်နေကြစဉ် ကိုယ်တော်က ``ယခုခေတ်လူတို့သည်အလွန် ဆိုးညစ်လှပါသည်တကား။ သူတို့သည်နိမိတ် လက္ခဏာကိုတောင်းဆိုကြ၏။ သို့ရာတွင်ယောန ၏နိမိတ်လက္ခဏာမှတစ်ပါးအဘယ်နိမိတ် လက္ခဏာကိုမျှသူတို့အားပြလိမ့်မည်မဟုတ်။-
31ရှေဘပြည်ကဘုရင်မသည်ဉာဏ်ပညာရှင် ရှောလမုန်မင်းကြီး၏စကားကိုကြားနာရ အောင်ဝေးလံရပ်ခြားတိုင်းတစ်ပါးမှလာ ရောက်ခဲ့၏။ ယခုအခါ၌မူရှောလမုန်ထက် ကြီးမြတ်သည့်အရာရောက်ရှိနေလေပြီ။ သို့ ဖြစ်၍တရားစီရင်တော်မူရာနေ့တွင်ရှေဘ ပြည်ဘုရင်မသည်ထ၍ထိုသူတို့အားပြစ် တင်စွပ်စွဲလိမ့်မည်။-
Read all of ရှင်လုကာခရစ်ဝင် 11
Cross References
Jonah 2:10ထိုအခါထာဝရဘုရားသည်ငါးကြီး အားအမိန့်ပေးသဖြင့် ငါးကြီးသည်ယောန အားကုန်းပေါ်သို့အန်ထုတ်လေ၏။
Matthew 12:40ယောနသည်ငါးကြီး၏ဝမ်းထဲတွင်သုံးရက်တိုင် တိုင်နေရသကဲ့သို့ လူသားသည်လည်းမြေကြီး ထဲတွင်သုံးရက်နေရလတ္တံ့။-
This Verse In Other Editions
Study ရှင်လုကာခရစ်ဝင် 11:30