ရှင်လုကာခရစ်ဝင် 12:1
ထိုအခါ၌ထောင်ပေါင်းများစွာသောလူတို့ သည်စုဝေးလာကြသဖြင့်အချင်းချင်းပင် နင်းမိကြ၏။ ကိုယ်တော်သည်ဦးစွာတပည့် တော်တို့အား ``ဖာရိရှဲတို့၏ဟန်ဆောင်မှု တည်းဟူသောတဆေးကိုသတိပြုကြလော့။-
Common Language Bible
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 12
Cross References
2 Kings 7:17မင်းကြီး၏သက်တော်စောင့်အဖြစ်ဆောင်ရွက် ခဲ့သူတပ်မှူးသည် ထိုအချိန်၌မြို့တံခါး အစောင့်တပ်ကိုကြီးကြပ်အုပ်ချုပ်နေရစဉ် လူတို့တိုးကြိတ်ထွက်ဝင်ရာတွင် သူ့အားနင်း မိကြသဖြင့်သေလေ၏။ ဧလိရှဲအားတွေ့ဆုံ ရန်မင်းကြီးလာရောက်စဉ်အခါက ဧလိရှဲ ကြိုတင်ဟောကြားခဲ့သည်အတိုင်းဖြစ်ပျက် လေသည်။-
Job 27:8အဓမ္မလူသည် ဆုံးခြင်းသို့ရောက်၍၊ အသက်ဝိညာဉ်ကိုဘုရား သခင်နှုတ်တော်မူသောအခါ အဘယ် မြော်လင့်စရာရှိသေးသနည်း။
Isaiah 33:14အပြစ်ကူးလွန်သည့်ဇိအုန်မြို့သူမြို့သား တို့သည်ကြောက်ရွံ့တုန်လှုပ်၍နေကြ၏။ သူ တို့က``ဘုရားသခင်၏တရားစီရင်တော် မူချက်သည် ထာဝစဉ်တောက်လောင်နေသော မီးနှင့်တူ၏။ ဤသို့သောမီးမှငါတို့လွတ် မြောက်၍အသက်မသေဘဲကျန်ရှိနိုင်ကြ ပါမည်လော'' ဟုဆိုကြ၏။-
Mark 8:15ကိုယ်တော်က ``သင်တို့သည်ဖာရိရှဲများ၏ တဆေးနှင့်ဟေရုဒ်၏တဆေးကိုသတိနှင့် ရှောင်ကြလော့'' ဟုတပည့်တော်တို့အားမိန့် တော်မူ၏။
Luke 5:15သို့ရာတွင်ကိုယ်တော်၏သတင်းတော်သည်ပို၍ ပျံ့နှံ့သွားသဖြင့် လူပရိသတ်ကြီးများသည် ကိုယ်တော်၏တရားတော်ကိုကြားနာရန်နှင့် မိမိတို့၏အနာရောဂါများအကုအသ ခံရန်လာကြကုန်၏။-
Luke 11:44သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် အမှတ်အသားမရှိသည့်သင်္ချိုင်းတွင်းများနှင့် တူ၏။ လူတို့သည်ထိုတွင်းများအပေါ်မှာ လျှောက်၍သွားကြသောအခါသင်္ချိုင်းတွင်း ဖြစ်မှန်းကိုမသိကြ'' ဟုမိန့်တော်မူ၏။