ရှင်လုကာခရစ်ဝင် 12:14
ကိုယ်တော်က ``အချင်းလူ၊ အဘယ်သူသည်ငါ့ကို သင်တို့၏တရားသူကြီးအဖြစ်ဖြင့်လည်းကောင်း၊ အမွေခွဲဝေသူအဖြစ်ဖြင့်လည်းကောင်းခန့်ထား သနည်း'' ဟုပြန်၍မိန့်တော်မူ၏။-
Common Language Bible
In The King James Version
And he said unto him, Man, who made me a judge or a divider over you?
In Context
Read all of ရှင်လုကာခရစ်ဝင် 12
Cross References
Exodus 2:14ထိုသူက``ငါတို့အမှုကိုစီရင်ရန်မည်သူ က သင့်အားတရားသူကြီးအဖြစ်ခန့်ထား သနည်း။ သင်သည်အီဂျစ်အမျိုးသားကို သတ်သကဲ့သို့ ငါ့ကိုသတ်ချင်သေးသလော'' ဟုပြန်ပြောလေ၏။ ထိုအခါမောရှေသည်မိမိ ပြုလုပ်ခဲ့သောအမှုကိုလူတို့သိကုန်ကြ ပြီဟူ၍ဆိုလျက်ထိတ်လန့်လေ၏။-
Luke 5:20ကိုယ်တော်သည်ထိုသူတို့၌ယုံကြည်ခြင်းရှိပုံ ကိုမြင်တော်မူလျှင်လေဖြတ်သူအား ``အချင်း လူ၊ သင်၏အပြစ်ကိုဖြေလွှတ်ပြီ'' ဟုမိန့်တော် မူ၏။
John 6:15သခင်ယေရှုသည်ထိုသူတို့လာ၍ မိမိအား အတင်းအဋ္ဌမ္မခေါ်ဆောင်ကာမင်းမြှောက်ကြ လိမ့်မည်ကိုသိတော်မူသဖြင့် တစ်ကိုယ်တည်း တောင်ပေါ်သို့ရှောင်တိမ်းသွားတော်မူ၏။
John 18:35ပိလတ်မင်းက ``သင်သည်ငါ့ကိုယုဒအမျိုး သားတစ်ယောက်ဟုထင်မှတ်ပါသလော။ သင့် ကိုငါ့ထံသို့ပို့အပ်လာသူများကားသင်၏ အမျိုးသားများနှင့်သူတို့၏ယဇ်ပုရောဟိတ် ကြီးများပင်ဖြစ်၏။ သင်သည်အဘယ်အမှု ကိုပြုမိပါသနည်း'' ဟုမေး၏။
Romans 2:3သို့သော်လည်းမိတ်ဆွေ၊ သင်ကသူတစ်ပါး အားအပြစ်စီရင်သည့်အပြစ်မျိုးကို သင် ကိုယ်တိုင်ပင်ကူးလွန်လျက်နေပါသည် တကား။ သင်သည်ဘုရားသခင်၏အပြစ် စီရင်ခြင်းနှင့်ကင်းလွတ်လိမ့်မည်ဟုထင် မှတ်ပါသလော။-