ရှင်လုကာခရစ်ဝင် 12:15
ထိုနောက်လူတို့အား ``လောဘအမျိုးမျိုးကို သတိနှင့်ရှောင်ကြဉ်ကြလော့။ လူ၏အသက် သည်ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်တွင်မတည်'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 12
Cross References
Joshua 7:21အကျွန်ုပ်တို့သိမ်းယူခဲ့သောပစ္စည်းများထဲ တွင်လှပသောဗာဗုလုန်ဝတ်ရုံ၊ ငွေချိန်ငါး ပေါင်ခန့်နှင့်အချိန်တစ်ပေါင်ကျော်ခန့်ရှိ သောရွှေချောင်းကိုတွေ့ရ၍ လိုချင်မက်မော လှသဖြင့်ယူမိပါသည်။ အကျွန်ုပ်၏တဲထဲ တွင်ငွေကိုအောက်ဆုံး၌ထား၍မြှုပ်ထား ပါသည်'' ဟုယောရှုအားလျှောက်ထားလေ၏။
Job 2:4စာတန်ကလည်း၊ အရေဘို့အရေဟုဆိုသကဲ့သို့၊ လူသည်မိမိအသက်ဘို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်။
Psalms 10:3သူယုတ်မာသည်မိမိ၏ဆိုးညစ်သော အလိုဆန္ဒများအကြောင်းကိုကြွားဝါတတ်၏။ လောဘကြီးသူသည်ထာဝရဘုရားကို ကျိန်ဆဲပစ်ပယ်တတ်၏။
Psalms 62:10အကြမ်းဖက်မှုကိုအားမကိုးကြနှင့်။ လုယက်မှုဖြင့်အကျိုးခံစားရလိမ့်မည်ဟု မမျှော်လင့်ကြနှင့်။ သင်တို့၏စည်းစိမ်ဥစ္စာများသည် တိုးပွားလာစေကာမူယင်းတို့ကိုအားမကိုး ကြနှင့်။
Proverbs 15:16နှောင့်ရှက်ခြင်းနှင့်ယှဉ်၍ ကြီးစွာသော စည်းစိမ် ထက် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့် ယှဉ်သောဥစ္စာ အနည်းငယ်သည် သာ၍ကောင်း၏။
Proverbs 23:4ငွေရတတ် ခြင်းငှါ မကြိုးစားနှင့်။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။