ရှင်လုကာခရစ်ဝင် 12:37
အစေခံတို့စောင့်မျှော်နေကြသည်ကို သခင် ပြန်ရောက်ချိန်၌တွေ့ရှိရ၏။ ထိုအစေခံတို့ သည်မင်္ဂလာရှိကြ၏။ သင်တို့အားအမှန် အကန်ငါဆိုသည်ကား သခင်သည်ထို အစေခံတို့ကိုဧည့်သည်များအဖြစ်စား ပွဲတွင်ထိုင်စေလျက် မိမိကိုယ်တိုင်ခါးကို စည်းကာဧည့်ခံကျွေးမွေးလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 12
Cross References
Isaiah 62:5ထာဝရဘုရားသည်သင့်ကိုမင်္ဂလာဆောင် သတို့သမီးသဖွယ်သိမ်းပိုက်တော်မူလိမ့်မည်။ မင်္ဂလာဆောင်သတို့သမီးကိုသတို့သားသည် နှစ်သက်သကဲ့သို့၊ ဘုရားသခင်သည်သင့်ကိုနှစ်သက်တော်မူ လိမ့်မည်။
Zephaniah 3:17သင်၏ဘုရားသခင်ထာဝရဘုရား သည် သင်နှင့်အတူရှိတော်မူ၏။ ကိုယ်တော်၏တန်ခိုးတော်အားဖြင့် သင်သည်အောင်ပွဲကိုရလိမ့်မည်။ ထာဝရဘုရားသည်သင့်အပေါ်ဝမ်း မြောက်အားရမှု ရှိတော်မူလိမ့်မည်။ ကိုယ်တော်၏မေတ္တာတော်သည်လည်းသင့်အား ဘဝသစ်ကိုပေးတော်မူလိမ့်မည်။ ကိုယ်တော်သည်သင်၏အတွက်ကြည်နူးပျော် ရွှင်ကာ သီချင်းကူးဧတော်မူလိမ့်မည်။''
Matthew 24:45``သစ္စာရှိကျွန်လိမ္မာကားအဘယ်သူနည်း။ ထိုသူ ကားအခြားကျေးကျွန်များကိုအုပ်ချုပ်ရန်နှင့် အချိန်တန်လျှင်ရိက္ခာများထုတ်ပေးရန်သခင် ကခန့်ထားသူဖြစ်၏။-
Luke 12:43တာဝန်ကိုသစ္စာရှိစွာဆောင်ရွက်သည်ကိုအိမ်ရှင် ပြန်လာချိန်၌တွေ့ရလျှင် ထိုအစေခံသည် မင်္ဂလာရှိ၏။-
Luke 21:36နိုးနိုးကြားကြားရှိကြလော့။ ကျရောက်လတ္တံ့ သောဘေးများကိုခံရပ်၍ လူသား၏ရှေ့တော် တွင်မတ်မတ်ရပ်၍တရားစီရင်ခြင်းကိုခံနိုင် ကြရန်အမြဲဆုတောင်းပတ္ထနာပြုကြလော့'' ဟုမိန့်တော်၏။
John 13:4သို့ဖြစ်၍စားပွဲမှထ၍ဝတ်လုံတော်ကို ချွတ်တော်မူပြီးလျှင်ပဝါကိုယူ၍ခါး ကိုစည်းတော်မူ၏။-