ရှင်လုကာခရစ်ဝင် 14:17
အချိန်ရောက်သောအခါမိမိဖိတ်ခေါ်ထား သူများ၏ထံသို့အစေခံတစ်ယောက်အား စေလွှတ်၍ `ကြွကြပါ၊ အားလုံးအသင့်ရှိ ပြီ' ဟုပြောကြားစေ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 14
Cross References
Matthew 3:1ထိုအခါကာလ၌ဗတ္တိဇံဆရာယောဟန် သည် ``နောင်တရကြလော့။ ကောင်းကင်နိုင်ငံ တော်တည်လုနီးပြီ'' ဟုယုဒတောကန္တာရ၌ ဟောပြောလျက်ပေါ်ထွန်းလာ၏။-
Matthew 11:27ထိုနောက်ကိုယ်တော်က ``ငါ့ခမည်းတော်သည်ခပ်သိမ်း သောအရာတို့ကိုငါ့အားပေးအပ်ထားတော်မူလေပြီ။ ခမည်းတော်မှတစ်ပါးအခြားမည်သူမျှသားတော်ကို မသိ။ ခမည်းတော်ကိုလည်းသားတော်နှင့်သားတော် ဖွင့်ပြလိုသူများမှတစ်ပါးအခြားမည်သူမျှ မသိ။
Luke 3:4ပရောဖက်ဟေရှာယကျမ်းတွင်ပါရှိသည်နှင့် အညီ၊ တောကန္တာရတွင်လူတစ်ယောက်သည် ကြွေး ကြော်လျက်နေသည်မှာ၊ `ကိုယ်တော်ရှင်ကြွတော်မူရာလမ်းကို အသင့်ပြင်ဆင်ကြလော့။ ကိုယ်တော်၏လမ်းကိုဖြောင့်တန်းအောင်ပြုကြလော့။
Luke 10:1ထိုနောက်သခင်ဘုရားသည်အခြားသော တပည့်တော်ခုနစ်ဆယ့်နှစ်ဦးတို့ကိုရွေးချယ် ၍နှစ်ယောက်စီတွဲဖက်စေလျက် ကိုယ်တော်တိုင် ကြွတော်မူမည့်မြို့ရွာအသီးသီးသို့သွား နှင့်ရန်စေလွှတ်တော်မူ၏။-
Acts 2:38ပေတရုက ``နောင်တရကြလော့။ သင်တို့အပြစ် များပြေလွတ်စေရန် ယေရှုခရစ်၏နာမ၌လူ တိုင်းဗတ္တိဇံမင်္ဂလာကိုခံလော့။ ထိုသို့ပြုလျှင် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်း ဟူသောဆုကျေးဇူးကိုရရှိကြလိမ့်မည်။-
Acts 13:26``အာဗြဟံ၏သားမြေးဖြစ်သူငါ့ညီအစ်ကို တို့နှင့် ဘုရားသခင်ကိုကိုးကွယ်သူအခြား အမျိုးသားတို့၊ ဤကယ်တင်ခြင်းဆိုင်ရာ တရားကိုငါတို့ထံသို့ရောက်ရှိလာစေ၏။-