ရှင်လုကာခရစ်ဝင် 14:26
``ငါ့ထံကိုလာသော်လည်းငါ့ကိုချစ်သည် ထက် မိဘ၊ သားမယား၊ ညီအစ်ကိုမောင်နှမ နှင့်မိမိကိုယ်ကိုပို၍ချစ်သောသူသည် ငါ ၏တပည့်မဖြစ်နိုင်။-
Common Language Bible
In The King James Version
In Context
27မိမိလက်ဝါးကပ်တိုင်ကိုထမ်း၍ငါ့နောက်သို့ မလိုက်သောသူသည် ငါ၏တပည့်မဖြစ်နိုင်။-
Read all of ရှင်လုကာခရစ်ဝင် 14
Cross References
Genesis 29:30ထို့ကြောင့်ယာကုပ်သည်ရာခေလနှင့်လည်း အိပ်လေသည်။ သူသည်ရာခေလကိုလေအာ ထက်ပို၍ချစ်၏။ ထိုနောက်သူသည်လာဗန် ထံ၌ နောက်ထပ်ခုနစ်နှစ်အစေခံလေသည်။
Deuteronomy 13:6``သင်၏ညီအစ်ကို၊ သင်၏သားသမီး၊ သင်ချစ် သောဇနီး၊ သင်နှင့်အလွန်ရင်းနှီးသောမိတ်ဆွေ တစ်ဦးဦးကပင်လျှင် သင်နှင့်သင်၏ဘိုးဘေး တို့ယခင်ကဝတ်မပြုမကိုးကွယ်ဘူးသော အခြားဘုရားများကိုဝတ်ပြုကိုးကွယ် ရန်တိတ်တဆိတ်သွေးဆောင်ပေလိမ့်မည်။-
Deuteronomy 33:9သူတို့သည်မိမိတို့၏မိဘညီအစ်ကို၊ သားသမီးတို့ကို ချစ်ခင်မြတ်နိုးသည်ထက်၊ကိုယ်တော်ကို ပို၍ချစ်ခင်မြတ်နိုးကြပါ၏။ သူတို့သည်ကိုယ်တော်၏ပညတ်တော်များကို လိုက်နာ၍ကိုယ်တော်၏ပဋိညာဉ်ကို စောင့်ထိန်းကြပါ၏။
Psalms 73:25ကျွန်တော်မျိုးမှာကိုယ်တော်ရှင်မှလွဲ၍ ကောင်းကင်ဘုံတွင်အဘယ်သူရှိပါသနည်း။ ကိုယ်တော်ရှင်ကျွန်တော်မျိုးနှင့်ရှိတော်မူလျှင် ကမ္ဘာမြေပေါ်၌အဘယ်အရာကိုလိုပါတော့ မည်နည်း။
Ecclesiastes 2:17ထိုကြောင့်၊ အသက်ရှင်ခြင်းကို ငါငြီးငွေ့၏။ နေအောက်မှာ ပြုသောအမှုသည် ငါ၌ခက်ခဲ၏။ အလုံးစုံ တို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှု ဖြစ်ကြ ၏။
Matthew 10:37မိဘကိုငါ့ထက်ပို၍ချစ်သူသည်ငါ၏တပည့် မဖြစ်ထိုက်၊ သားသမီးကိုငါ့ထက်ပို၍ချစ်သူ သည်ငါ၏တပည့်မဖြစ်ထိုက်။-