ရှင်လုကာခရစ်ဝင် 15:17
ထိုအခါသူသည်အမြင်မှန်ရရှိလာသဖြင့်`ငါ့ အဖ၏လုပ်သားအားလုံးပင်ဝစွာစားရကြ၏။ ငါမူကားဤအရပ်တွင်ငတ်ပြတ်လျက်နေပါ ပြီတကား။-
Common Language Bible
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 15
Cross References
Psalms 73:20အို ထာဝရဘုရား၊ သူတို့သည်နံနက်ချိန်၌ပျောက်ကွယ် သွားသည့် အိပ်မက်နှင့်တူပါ၏။ ကိုယ်တော်ရှင်နိုးထတော်မူသောအခါသူတို့သည် ပျောက်ကွယ်သွားကြပါ၏။
Jeremiah 31:19ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ထံတော်မှ ထွက်ခွာခဲ့ကြသော်လည်း၊ မကြာမီအခါ၌ပင်အထံတော်သို့ပြန်လာရန် နောင်တရပါ၏။ ကိုယ်တော်ရှင်ဆုံးမတော်မူခြင်းကိုနားလည်ပြီး နောက် ကျွန်တော်မျိုးတို့သည်ရင်ကိုထုလျက် ဝမ်းနည်းကြေကွဲလျက်နေကြပါ၏။ ကျွန်တော်မျိုးတို့သည်ငယ်စဉ်အခါက အပြစ်ပြုခဲ့ကြသောကြောင့် အရှက်ရ၍အသရေပျက်ရကြပါ၏။'
Ezekiel 18:28သူသည်မိမိအမှားကိုမြင်၍အပြစ်ကို စွန့်လွှတ်လိုက်သဖြင့်မုချပင်သေရမည် မဟုတ်။ ဆက်လက်၍အသက်ရှင်ရလိမ့် မည်။-
Luke 15:18ငါထ၍အဖထံသို့သွားပြီးလျှင်`အဖ၊ ကျွန်တော် သည်ဘုရားသခင်ကိုလည်းကောင်း၊ အဖကိုလည်း ကောင်းပြစ်မှားမိပါပြီ။-
Acts 2:37ထိုစကားကိုကြားကြသောအခါ လူတို့သည် လွန်စွာပူပင်သောကရောက်ကြလျက် ပေတရု နှင့်အခြားတမန်တော်တို့အား``ညီအစ်ကိုတို့၊ ငါတို့အဘယ်သို့ပြုရပါမည်နည်း'' ဟုမေး မြန်းကြ၏။
Acts 26:11တရားဇရပ်များတွင်သူတို့အားကြိမ်ဖန် များစွာအပြစ်ဒဏ်ပေးစေပြီးလျှင် သူတို့ ၏အယူဝါဒကိုစွန့်လွှတ်ကြစေရန်ကြိုး စားဆောင်ရွက်ခဲ့ပါ၏။ သူတို့အပေါ်၌ ဒေါသစိတ်မွှန်၍နေသဖြင့် အကျွန်ုပ်သည် နိုင်ငံရပ်ခြားမြို့များသို့ပင်သွားရောက် ၍သူတို့ကိုညှဉ်းဆဲခဲ့ပါ၏။''