ရှင်လုကာခရစ်ဝင် 16:17
သို့ရာတွင်ပညတ်ကျမ်းမှဝစ္စပေါက်တစ်လုံး ပျက်စီးရန်ထက် ကောင်းကင်နှင့်မြေကြီးပျက် စီးရန်ကသာ၍လွယ်၏။
Common Language Bible
In The King James Version
And it is easier for heaven and earth to pass, than one tittle of the law to fail.
In Context
Read all of ရှင်လုကာခရစ်ဝင် 16
Cross References
Isaiah 40:8မြက်ပင်သည်အမှန်ပင်ခြောက်သွေ့လျက် ပန်းများသည်လည်းအမှန်ပင်ညှိုးနွမ်းတတ်၏။ သို့ရာတွင်ဘုရားသခင်၏နှုတ်ကပတ်တော်သည် အဘယ်အခါ၌မျှမပျောက်မပျက်တတ်'' ဟု ဆို၏။
Matthew 5:18သင်တို့အားအမှန်အကန်ငါဆိုသည်ကားကောင်း ကင်နှင့်မြေကြီးတည်ရှိသမျှကာလပတ်လုံး ပညတ်ကျမ်းမှအက္ခရာတစ်လုံး၊ ဝစ္စတစ်လုံးမျှ ပင်မပျောက်ပျက်ရ။ ထိုကျမ်းတွင်ဖော်ပြသော အမှုအရာအလုံးစုံတို့သည်ဖြစ်ပျက်ရမည်။-
Romans 3:31သို့ဖြစ်လျှင်ငါတို့သည်ယုံကြည်ခြင်းဖြင့် ပညတ်တရားကိုပယ်ရာရောက်သလော။ အလျှင်းမပယ်။ ပညတ်တရားကိုထောက်ခံ အတည်ပြုခြင်းသာဖြစ်၏။
2 Peter 3:10သူခိုးလာသကဲ့သို့ထာဝရဘုရား၏ နေ့ရက်သည်ကျရောက်လာလိမ့်မည်။ ယင်း နေ့ရက်၌မိုးကောင်းကင်သည်အသံမြည် ဟီးလျက်ကွယ်ပျောက်သွားလိမ့်မည်။ ကြယ် တာရာများသည်လည်းကျွမ်းလောင်ကြ လိမ့်မည်။ ထိုအခါကမ္ဘာမြေကြီးနှင့်တကွ မြေပေါ်တွင်ရှိသမျှသောအရာတို့သည် ပျောက်ကွယ်သွားလိမ့်မည်။-
Revelation 21:1ထိုနောက်ကောင်းကင်သစ်နှင့်ကမ္ဘာသစ်ကိုငါ မြင်ရ၏။ ယခင်ကောင်းကင်ဟောင်းနှင့်ကမ္ဘာ ဟောင်းသည်ကွယ်ပျောက်သွားလေပြီ။ ပင်လယ် သမုဒ္ဒရာသည်လည်းမရှိတော့ပေ။-