ရှင်လုကာခရစ်ဝင် 16:20
သူ၏အိမ်တံခါးအနီးတွင်လာဇရုဆိုသူ ဆင်းရဲသားတစ်ယောက်သည်တုံးလုံးလဲနေ၏။ သူ့မှာတစ်ကိုယ်လုံးအနာစိမ်းများပေါက်လျက် ရှိ၏။ ခွေးတို့သည်လာ၍သူ၏အနာစိမ်းများ ကိုလျက်ကြ၏။-
Common Language Bible
In The King James Version
And there was a certain beggar named Lazarus, which was laid at his gate, full of sores,
In Context
21သူသည်သူဌေး၏စားပွဲမှကျသည့်စားနုပ် စားပေါက်များကိုစားရရန်တောင့်တနေတတ်၏။-
Read all of ရှင်လုကာခရစ်ဝင် 16
Cross References
Job 2:7စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွား၍ ယောဘ၏ ခြေဘဝါးမှသည် ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများ တိုးပေါက်စေ၏။
Psalms 73:14အို ဘုရားသခင်၊ ကိုယ်တော်သည်ကျွန်တော်မျိုးအားတစ်နေ့လုံး ဒုက္ခရောက်စေတော်မူပါပြီ။ ကိုယ်တော်သည်ကျွန်တော်မျိုးအားနံနက်တိုင်း ဒဏ်ခတ်တော်မူပါပြီ။
Jeremiah 8:22ဂိလဒ်ပြည် ၌ဆေးဝါးမရှိတော့ပြီလော။ ဆေးသမားလည်းမရှိတော့ပြီလော။ အဘယ်ကြောင့်ငါ့အမျိုးသားများ၏ အနာရောဂါကို ပျောက်ကင်းအောင်မကုသကြပါသနည်း။
Luke 18:35သခင်ယေရှုသည်ယေရိခေါမြို့အနီးသို့ ရောက်တော်မူသောအခါ မျက်မမြင်တစ်ဦး သည်လမ်းနားမှာထိုင်၍တောင်းစားလျက်နေ၏။-
Acts 3:2တင့်တယ်ဟုခေါ်သောတံခါးအနီးတွင်ဝမ်း တွင်းပါခြေမစွမ်းမသန်သူလူတစ်ယောက် ထိုင်လျက်ရှိ၏။ ဗိမာန်တော်ထဲသို့လာကြ သောသူများထံမှကြေးငွေတောင်းခံနိုင်ရန် နေ့စဉ်နေ့တိုင်းထိုသူကိုတံခါးအနီးတွင် ချထားလေ့ရှိကြ၏။-
James 2:5ချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ယုံကြည်ခြင်း၌ကြွယ်ဝသူများဖြစ်ကြ စေရန်ကိုယ်တော်ကိုချစ်သောသူတို့အတွက် ကတိထားတော်မူသောနိုင်ငံတော်ကိုဆက်ခံ သူများဖြစ်ကြစေရန် ကိုယ်တော်သည်လောက တွင်ဆင်းရဲသူတို့အားရွေးချယ်တော်မူသည် မဟုတ်လော။-