ရှင်လုကာခရစ်ဝင် 17:25
သို့ရာတွင်လူသားသည်ပြင်းပြသောဝေဒနာ ကိုလည်းကောင်း၊ ဤခေတ်လူတို့၏ပစ်ပယ် ခြင်းကိုလည်းကောင်းဦးစွာခံရလိမ့်မည်။-
Common Language Bible
In The King James Version
But first must he suffer many things, and be rejected of this generation.
In Context
26နောဧလက်ထက်၌ဖြစ်ပျက်သကဲ့သို့လူ သားကြွလာရာကာလ၌ဖြစ်ပျက်လိမ့်မည်။-
Read all of ရှင်လုကာခရစ်ဝင် 17
Cross References
1 Samuel 8:7ထာဝရဘုရားက``လူတို့သင့်အားပြော သမျှစကားကိုနားထောင်လော့။ သူတို့သင့် ကိုပစ်ပယ်ကြသည်မဟုတ်၊ ငါ့ကိုပစ်ပယ် ကြ၏။ သူတို့သည်ငါ့အားမိမိတို့၏ ဘုရင်အဖြစ်မှပစ်ပယ်ကြလေပြီ။-
Isaiah 53:3ငါတို့သည်သူ့အားစက်ဆုတ်ရွံရှာ၍ပစ်ပယ် ထားကြ၏။ သူသည်ဆင်းရဲဒုက္ခနှင့်ဝေဒနာကိုခံရ၏။ သူ့ကိုလှည့်၍ပင်ကြည့်မည့်သူတစ်ဦး တစ်ယောက်မျှမရှိ။ ငါတို့သည်သူ့အားတန်ဖိုးမဲ့သူအလား လျစ်လူရှု၍ထားကြ၏။
Matthew 17:22ကိုယ်တော်နှင့်တပည့်တော်တို့သည်ဂါလိလဲပြည် တွင်လှည့်လည်နေကြစဉ်သခင်ယေရှုက ``လူတို့ ၏လက်တွင်းသို့လူသားကိုအပ်နှံကြလိမ့်မည်။-
Matthew 21:42သခင်ယေရှုက ``တိုက်တည်သူတို့ပယ်ထားသောကျောက်သည် အရေးအကြီးဆုံးသောထောင့်ချုပ်ကျောက်ဖြစ် လာရ၏။ ဤအမှုသည်ဘုရားသခင်ပြုတော်မူသော အမှုဖြစ်၏။ ငါတို့မျက်မှောက်တွင်အံ့သြဖွယ်ရာဖြစ်လေစွ' ဟူသောကျမ်းစကားကိုသင်တို့မဖတ်ဖူး ကြသလော။
Mark 9:31အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ``လူတို့ ၏လက်တွင်းသို့လူသားကိုအပ်နှံကြလိမ့်မည်။ သူ့ကိုသတ်ကြလိမ့်မည်။ သို့ရာတွင်သုံးရက်ကြာ သော်သူသည်သေခြင်းမှထမြောက်လိမ့်မည်'' ဟု တပည့်တော်တို့အားသွန်သင်တော်မူလျက်ရှိ သောကြောင့်ဖြစ်၏။-
Mark 12:10`တိုက်တည်သူတို့ပယ်ထားသောကျောက်သည် အရေးအကြီးဆုံးသောထောင့်ချုပ်ကျောက် ဖြစ်လာရ၏။