ရှင်လုကာခရစ်ဝင် 17:29
သောဒုံမြို့မှလောတထွက်ခွာသွားသောနေ့ ၌ကောင်းကင်မှမီးမိုးရွာ၍ လူခပ်သိမ်းတို့ သေကျေပျက်စီးကြကုန်၏။-
Common Language Bible
In The King James Version
In Context
30လူသားပေါ်ထွန်းတော်မူသောနေ့၌လည်းဤ ကဲ့သို့ပင်ဖြစ်လိမ့်မည်။''
Read all of ရှင်လုကာခရစ်ဝင် 17
Cross References
Genesis 19:16သို့သော်လည်းလောတသည်ဖင့်နွဲလျက်နေ၏။ ထာဝရဘုရားသည်သူ့ကိုသနားတော်မူ၏။ သို့ဖြစ်၍ကောင်းကင်တမန်တို့သည် သူနှင့်သူ၏မယား၊ သူ၏သမီးနှစ်ယောက်တို့ကိုလက်ဆွဲ၍ မြို့ပြင်သို့ထုတ်ကြ၏။-
Isaiah 1:9အကယ်၍အနန္တတန်ခိုးရှင်ထာဝရဘုရားသာလျှင် မြို့သူမြို့သားအချို့တို့အားအသက်မသေဘဲကျန်ရစ်စေတော်မမူပါလျှင်၊ ယေရုရှလင်မြို့သည် သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကဲ့သို့လုံးဝပျက်သုဉ်း၍သွားမည်သာဖြစ်၏။
Jeremiah 50:40သောဒုံမြို့၊ ဂေါမောရမြို့နှင့်နီးနားဝန်းကျင် ကျေးရွာများသည် ငါ၏ဖျက်ဆီးခြင်းကိုခံခဲ့ ရသည့်နည်းတူ ဗာဗုလုန်မြို့သည်လည်းခံရ လိမ့်မည်။ ကာလအနည်းငယ်မျှပင်လျှင်ထို မြို့တွင်နေထိုင်သူတစ်ဦးတစ်ယောက်မျှရှိ လိမ့်မည်မဟုတ်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏။
Amos 4:11``ငါသည်သောဒုံနှင့်ဂေါမောရမြို့များ ကိုဖြိုဖျက်သကဲ့သို့ သင်တို့လူအချို့ကို လည်းဖျက်ပယ်ခဲ့ပြီ။ ကျန်ကြွင်းသူတို့မှာ လည်းမီးထဲမှပြန်၍ဆယ်ယူလိုက်သည့် ထင်းစသဖွယ်ဖြစ်ခဲ့ရ၏။ သို့သော်လည်း သင်တို့သည်ငါ့ထံသို့ပြန်မလာသေးဘဲ နေကြလေပြီ'' ဟုထာဝရဘုရားမိန့် တော်မူ၏။-
Matthew 11:23အို ကပေရနောင်မြို့၊ သင်သည်ကောင်းကင်ဘုံတိုင်အောင် မြှောက်စားခြင်းကိုခံရလိမ့်မည်ဟုထင်မှတ်ပါသ လော။ မရဏာနိုင်ငံအထိနှိမ့်ချခြင်းကိုခံရလတ္တံ့။ အဘယ်ကြောင့်ဆိုသော်သင့်ထံတွင် ငါပြုခဲ့သည့် အံ့ဖွယ်အမှုအရာများကိုသောဒုံမြို့တွင်သာပြု ခဲ့ပါမူ ထိုမြို့သည်ယနေ့တိုင်အောင်တည်လျက် ရှိပေမည်။-
Jude 1:7သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုလည်း ကောင်း၊ ထိုမြို့များ၏ပတ်ဝန်းကျင်ရှိမြို့များ ကိုလည်းကောင်းသတိရကြလော့။ ထိုမြို့ တို့မှမြို့သူမြို့သားတို့သည်အဆိုပါ ကောင်းကင်တမန်များကဲ့သို့ ကာမဂုဏ် လိုက်စား၍သဘာဝနှင့်ဆန့်ကျင်သည့် အပျော်အပါးကိုလိုက်စားခဲ့ကြ၏။ လူ အပေါင်းတို့အားရှင်းလင်းပြတ်သားစွာ သတိပေးသည့်အနေဖြင့် သူတို့သည် ထာဝရတောက်လောင်သောမီးတွင်အပြစ် ဒဏ်ကိုခံရကြသည်။