ရှင်လုကာခရစ်ဝင် 18:10
``လူနှစ်ယောက်သည်ဆုတောင်းပတ္ထနာပြုရန် ဗိမာန်တော်သို့သွားကြ၏။ တစ်ယောက်က ဖာရိရှဲ၊ အခြားတစ်ယောက်ကအခွန်ခံသူ ဖြစ်၏။-
Common Language Bible
In The King James Version
Two men went up into the temple to pray; the one a Pharisee, and the other a publican.
In Context
Read all of ရှင်လုကာခရစ်ဝင် 18
Cross References
1 Kings 8:30ဤဌာနတော်သို့မျက်နှာမူလျက် အကျွန်ုပ်နှင့် ကိုယ်တော်၏လူမျိုးတော်တို့ဆုတောင်းသော အခါနားညောင်းတော်မူပါ။ ကိုယ်တော်စံတော် မူရာကောင်းကင်ဘုံကနေ၍အကျွန်ုပ်တို့၏ လျှောက်ထားချက်ကိုနားညောင်းလျက် အကျွန်ုပ် တို့၏အပြစ်ကိုဖြေလွှတ်တော်မူပါ။''
2 Kings 20:8မင်းကြီးက``ထာဝရဘုရားသည်ငါ၏အနာ ကိုပျောက်ကင်းစေသဖြင့် ငါသည်သုံးရက်ကြာ သော်ဗိမာန်တော်သို့သွားနိုင်လိမ့်မည်ဖြစ်ကြောင်း အဘယ်သက်သေလက္ခဏာအားဖြင့်သိရှိနိုင် ပါမည်နည်း'' ဟုမေးတော်မူ၏။-
Luke 1:9ယဇ်ပုရောဟိတ်တို့၏ထုံးစံအရမဲကျသဖြင့် ထာဝရဘုရား၏ဗိမာန်တော်အတွင်းသို့ဝင်၍ နံ့သာပေါင်းကိုမီးရှို့ပူဇော်ရ၏။-
Acts 23:6သူသည်တရားလွှတ်တော်အဖွဲ့ထဲတွင်လူ တစ်စုက ဖာရိရှဲများဖြစ်၍အခြားတစ်စု ကဇဒ္ဒုကဲများဖြစ်ကြောင်းကိုသိမြင်သော အခါ ``ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ဖာရိရှဲ ဖြစ်ပါ၏။ ဖာရိရှဲ၏သားလည်းဖြစ်ပါ၏။ သေသူတို့သည်ရှင်ပြန်ထမြောက်မည်ကို မျှော်လင့်သူဖြစ်သဖြင့် ယခုအကျွန်ုပ်သည် အစစ်အဆေးခံနေရခြင်းဖြစ်ပါ၏'' ဟု တရားလွှတ်တော်တွင်ကြွေးကြော်လေ ၏။
Philippians 3:5ငါသည်ရှစ်ရက်မြောက်သောနေ့၌အရေဖျား လှီးမင်္ဂလာကိုခံယူလျက်ဣသရေလလူမျိုး ဗင်္ယာမိန်အနွယ်ဝင်၊ ဟေဗြဲအမျိုးသားမိဘများမှ ပေါက်ဖွားသူဖြစ်၏။ ပညတ်တရားစောင့်ထိန်းမှုနှင့် ပတ်သက်၍ဆိုသော်ငါသည်ဖာရိရှဲဂိုဏ်းဝင်ဖြစ်၏။-