ရှင်လုကာခရစ်ဝင် 19:21
အရှင်သည်ခက်ထန်သူဖြစ်သဖြင့်အရှင့် အားကျွန်ုပ်ကြောက်ရွံ့ပါ၏။ အရှင်သည်မိမိ မပိုင်သည့်အရာကိုသိမ်းယူတတ်ပါ၏။ မိမိ မစိုက်မပျိုးသည့်အသီးအနှံကိုရိတ်သိမ်း တတ်ပါ၏' ဟုလျှောက်၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 19
Cross References
Exodus 20:19သူတို့ကမောရှေအား``ကိုယ်တော်ကသာ အကျွန်ုပ်တို့အား ထာဝရဘုရား၏အမိန့်ကို ဆင့်ဆိုပါ။ အကျွန်ုပ်တို့နားထောင်ပါမည်။ ထာဝရဘုရားကအကျွန်ုပ်တို့အားတိုက် ရိုက်မိန့်ကြားပါက အကျွန်ုပ်တို့သေမည် ကိုစိုးရိမ်ပါသည်'' ဟုဆိုလေ၏။
1 Samuel 12:20ရှမွေလက``မကြောက်ကြနှင့်။ သင်တို့သည် ဤသို့ဆိုးယုတ်သည့်အမှုကိုပြုခဲ့မိသော် လည်း ထာဝရဘုရားကိုမစွန့်ပယ်ကြနှင့်။ ကိုယ်တော်အားစိတ်နှလုံးအကြွင်းမဲ့ဝတ်ပြု ကိုးကွယ်ကြလော့။-
Job 21:14ဘုရားသခင်အားလည်း၊ ငါ့တို့ထံမှ ထွက်သွားလော့။ ကိုယ်တော်၏တရားကို ငါတို့မသိလိုဟူ၍၎င်း၊
Malachi 3:14သင်တို့သည်`ဘုရားသခင်အားဝတ်ပြု ကိုးကွယ်ရသည်မှာအချည်းနှီးပင်ဖြစ်၏။ ကိုယ်တော်မိန့်တော်မူသည့်အတိုင်းလိုက်နာ ဆောင်ရွက်သော်လည်းကောင်း၊ ငါတို့သည် မိမိတို့ပြုမိသည့်အပြစ်များအတွက် ဝမ်းနည်းကြောင်းအနန္တတန်ခိုးရှင်ထာဝရ ဘုရားအားကြိုးစားဖော်ပြ၍သော်လည်း ကောင်းအဘယ်အကျိုးရှိပါမည်နည်း။-
Romans 8:7ဇာတိသဘောဆိုင်ရာအရာများကိုစိတ်စွဲ လမ်းသူသည် ဘုရားသခင်အားရန်ဖက်ပြုသူ ဖြစ်၏။ ထိုသို့စိတ်စွဲလမ်းသူသည်ဘုရားသခင် ၏တရားတော်ကိုမလိုက်လျှောက်။ အကယ်ပင် မလိုက်လျှောက်နိုင်။-
2 Timothy 1:7ဘုရားသခင်၏ဝိညာဉ်တော်သည်ငါတို့အား ကြောက်စိတ်ကိုပေးတော်မမူဘဲတန်ခိုးကို လည်းကောင်း၊ ချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ ကိုယ်ကိုချုပ်တည်းနိုင်မှုကိုလည်းကောင်းပေး တော်မူ၏။