ရှင်လုကာခရစ်ဝင် 19:43
ရန်သူများသည်သင့်အားရင်တားဖြင့်ကာဆီး လျက် အဘက်ဘက်မှဝိုင်းရံပိတ်ဆို့နေသည့် အချိန်ကာလကျရောက်လာလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 19
Cross References
Deuteronomy 28:49ထာဝရဘုရားသည်သင်တို့ကိုတိုက်ခိုက် စေရန် သင်တို့နှင့်ဘာသာစကားချင်းမတူ သောကမ္ဘာတစ်စွန်းမှ လူမျိုးတစ်မျိုးကိုခေါ် ဆောင်ခဲ့တော်မူလိမ့်မည်။ ထိုသူတို့သည် လင်းယုန်ထိုးသုတ်သကဲ့သို့ သင်တို့ကို တိုက်ခိုက်လိမ့်မည်။-
Isaiah 29:1ထာဝရဘုရား၏ယဇ်ပလ္လင်တော်တည်းဟူ သောယေရုရှလင်မြို့ပင်လျှင်အမင်္ဂလာ ရှိ၏။ ဒါဝိဒ်တပ်စခန်းချရာမြို့သည်အ မင်္ဂလာရှိ၏။ ထိုမြို့တွင်တစ်နှစ်၊ နှစ်နှစ်မျှ ပွဲလမ်းသဘင်များကိုဆင်နွှဲလျက်နေ ကြစေဦးတော့။-
Jeremiah 6:3သိုးထိန်းများသည်မိမိတို့သိုးများနှင့်ထို အရပ်တွင်စခန်းချကြလိမ့်မည်။ သူတို့သည် မိမိတို့တဲရှင်များကိုသင်၏ပတ်လည်တွင် ထိုးပြီးလျှင် မိမိတို့အသီးသီးအလိုရှိ ရာတွင်စခန်းချကြလိမ့်မည်။-
Ezekiel 26:8ပြည်ပရှိမြို့များတွင်နေထိုင်ကြသူတို့ သည်စစ်ပွဲတွင်ကျဆုံးကြလိမ့်မည်။ ရန်သူ များသည်ကတုပ်ကျင်းများကိုတူး၍မြေ ကတုပ်များကိုဖို့ကာဒိုင်းလွှားများကို ကာလျက်သင့်အားတိုက်ခိုက်လိမ့်မည်။-
Matthew 22:7မင်းကြီးသည်လွန်စွာအမျက်ထွက်၍စစ်သား များကိုစေလွှတ်ပြီးလျှင်ထိုလူသတ်သမား တို့ကိုသုတ်သင်စေ၏။ သူတို့၏မြို့ကိုလည်း မီးရှို့စေ၏။-
Mark 13:14``ထိတ်လန့်စက်ဆုပ်ဘွယ်ကောင်းသည့်အရာသည် မရှိအပ်သည့်အရပ်တွင်ရှိနေသည်ကို သင်တို့ မြင်ရကြလိမ့်မည်'' (စာဖတ်သူသည်ဤအချက် ကိုနားလည်ပါစေ) ``ထိုသို့မြင်ရကြသော အခါယုဒပြည်ရှိလူတို့သည်တောင်များ ပေါ်သို့ပြေးကြစေ။-