ရှင်လုကာခရစ်ဝင် 2:21
သူငယ်တော်ရှစ်ရက်သားရှိ၍အရေဖျားလှီး မင်္ဂလာခံယူရန်အချိန်စေ့သောအခါ သူ့အား ယေရှုဟုနာမည်မှည့်ကြ၏။ ဤနာမည်ကား သူငယ်တော်ပဋိသန္ဓေမနေမီကပင် ကောင်းကင် တမန်ကမှည့်ခေါ်စေသည့်နာမည်ဖြစ်၏။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 12:3အဋ္ဌမနေ့၌အရေဖျားလှီးခြင်းမင်္ဂလာကို သားအားပေးရမည်။-
Matthew 1:25သို့ရာတွင်သားယောက်ျားဖွားမြင်သည်တိုင်အောင် မာရိနှင့်ပေါင်းသင်းနေထိုင်မှုကိုမပြုဘဲနေ၏။ ထိုသားကိုယေရှုဟုနာမည်မှည့်လေ၏။
Luke 1:31သင်သည်ကိုယ်ဝန်ဆောင်၍သားရတနာကို ဖွားမြင်လိမ့်မည်။ ထိုသားကိုယေရှုနာမည် ဖြင့်မှည့်ရမည်။-
Galatians 4:4သို့ရာတွင်နောက်ဆုံး၌အချိန်တန်သောအခါ ဘုရားသခင်သည်မိမိ၏သားတော်ကိုစေလွှတ် တော်မူ၏။ ငါတို့သည်ဘုရားသခင်၏သားများ ဖြစ်လာစိမ့်သောငှာထိုသားတော်သည်လူတို့ အား ပညတ်တရား၏လက်အောက်မှရွေးနုတ် ကယ်တင်နိုင်ရန် လူမိခင်မှပညတ်တရား အောက်ဖွားမြင်ခြင်းကိုခံတော်မူ၏။