ရှင်လုကာခရစ်ဝင် 2:9
ထိုအခါထာဝရဘုရား၏ကောင်းကင်တမန် သည်သူတို့၏ရှေ့မှာပေါ်လာ၏။ သူတို့ပတ်လည် တွင်ထာဝရဘုရား၏ဘုန်းအသရေတော်ထွန်း လင်းတောက်ပလျက်နေသဖြင့် သူတို့သည် အလွန်ကြောက်လန့်ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 16:7နံနက်အချိန်သို့ရောက်လျှင် သင်တို့သည် ထာဝရဘုရား၏တောက်ပသောဘုန်းတော် ကိုမြင်ရကြမည်။ ထာဝရဘုရားအားသင် တို့အပြစ်တင်ညည်းညူသံကိုကိုယ်တော် ကြားတော်မူပြီ။ ငါတို့သည်ထာဝရဘုရား မိန့်မှာသမျှအတိုင်းဆောင်ရွက်ရသူများ ဖြစ်သဖြင့် သင်တို့သည်ထာဝရဘုရားကို သာအပြစ်တင်ကြခြင်းဖြစ်သည်'' ဟုဆို လေ၏။-
Exodus 40:34ထိုအခါထာဝရဘုရားစံတော်မူရာတဲ တော်ကို မိုးတိမ်တိုက်လွှမ်း၍ထာဝရဘုရား ၏တောက်ပသောဘုန်းအသရေတော်သည် တဲတော်တွင်း၌ထွန်းတောက်လေ၏။-
1 Kings 8:11ယင်းသို့ဗိမာန်တော်သည်ထာဝရဘုရား ၏ဘုန်းအသရေတော်နှင့်ပြည့်လျက်နေ သဖြင့် ယဇ်ပုရောဟိတ်တို့သည်မိမိတို့ တာဝန်ဝတ္တရားများကိုဆောင်ရွက်ရန် ဗိမာန် တော်ထဲသို့ပြန်၍မဝင်နိုင်ကြ။-
Isaiah 60:1အို ယေရုရှလင်မြို့၊နိုးထ၍နေကဲ့သို့ထွန်းတောက်လော့။ သင်၏အလင်းပေါ်ထွန်းလာပြီ။ ထာဝရဘုရား၏ဘုန်းအသရေတော်သည် သင့်အပေါ်၌ထွန်းလင်းလျက်နေ၏။
Matthew 1:20ဤသို့အကြံရှိနေစဉ်သူသည်ထာဝရဘုရား ၏ကောင်းကင်တမန်တစ်ပါးကိုအိပ်မက်မြင်မက်၏။ ထိုကောင်းကင်တမန်က ``ဒါဝိဒ်၏သားမြေးယောသပ်၊ သင်သည်မာရိအားဇနီးအဖြစ်သိမ်းပိုက်ရမည်ကို မကြောက်နှင့်။ အဘယ်ကြောင့်ဆိုသော်သူ၏ဝမ်းတွင် ရှိသောပဋိသေနန္ဓကားသန့်ရှင်းသောဝိညာဉ်တော် ၏တန်ခိုးတော်အားဖြင့်ရသောပဋိသေနန္ဓဖြစ်၏။-