ရှင်လုကာခရစ်ဝင် 20:1
တစ်နေ့သ၌ကိုယ်တော်သည်ဗိမာန်တော်တွင် လူတို့အားဆုံးမသြဝါဒပေး၍ သတင်း ကောင်းကိုဟောပြောလျက်နေတော်မူစဉ်ယဇ် ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများ နှင့်ဘာသာရေးခေါင်းဆောင်များသည်အထံ တော်ကိုလာကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 20
Cross References
1 Chronicles 24:1အာရုန်၏သားမြေးများမှဆင်းသက်လာ သောအုပ်စုများမှာ အောက်ပါအတိုင်းဖြစ်၏။ အာရုန်တွင်နာဒပ်၊ အဘိဟု၊ ဧလာဇာနှင့် ဣသမာဟူ၍သားလေးယောက်ရှိ၏။-
Matthew 26:55ထိုနောက်ကိုယ်တော်ကလူပရိသတ်တို့အား``သင် တို့သည်ဋ္ဌားပြကိုဖမ်းသကဲ့သို့ငါ့ကိုဖမ်းရန် တုတ်များဋ္ဌားများနှင့်လာကြသလော။ ငါသည် နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင်ထိုင်၍ဟောပြော သွန်သင်နေစဉ်အခါသင်တို့သည်ငါ့ကိုမဖမ်း မဆီးခဲ့ကြ။-
Luke 8:1ကာလအနည်းငယ်ကြာသော်ကိုယ်တော်သည် မြို့ရွာများကိုဖြတ်ကြွလျက် ဘုရားသခင် နိုင်ငံတော်အကြောင်းသတင်းကောင်းကိုဟော ပြောတော်မူ၏။-
John 18:20သခင်ယေရှုက ``ငါသည်လူအပေါင်းတို့ရှေ့ တွင်အစဉ်ပင်ပွင့်လင်းစွာဟောပြောသွန်သင် ခဲ့၏။ ယုဒအမျိုးသားအပေါင်းတို့စုဝေးရာ ဖြစ်သောတရားဇရပ်များနှင့်ဗိမာန်တော်တွင် ငါဟောပြောသွန်သင်ခဲ့၏။ အဘယ်အခါ၌ မျှလျှို့ဝှက်စွာမဟောပြောခဲ့။-
Acts 6:12ဤနည်းအားဖြင့်သူတို့သည်လူများ၊ ဘာသာ ရေးခေါင်းဆောင်များနှင့်ကျမ်းတတ်ဆရာများ အားနှိုးဆွပေးကြ၏။ သူတို့သည်သူ့ကို ဖမ်းဆီး၍တရားလွှတ်တော်သို့ပို့ကြ၏။-