ရှင်လုကာခရစ်ဝင် 20:24
``ဒင်္ဂါးတစ်ပြားကိုငါ့အားပြကြလော့။ ဤ ဒင်္ဂါးတွင်မည်သူ့ရုပ်ပုံ၊ မည်သူ့ကမ္ပည်းလိပ်စာ ပါရှိပါသနည်း'' ဟုမေးတော်မူ၏။ သူတို့က ``ကဲသာဘုရင်၏ပုံ၊ ကဲသာဘုရင် ၏ကမ္ပည်းလိပ်စာပါရှိပါသည်'' ဟုပြန်၍ လျှောက်ကြ၏။
Common Language Bible
In The King James Version
Shew me a penny. Whose image and superscription hath it? They answered and said, Caesar’s.
In Context
23ကိုယ်တော်သည်ထိုသူတို့၏ပရိယာယ်ကို သိမြင်တော်မူသဖြင့်။-
Read all of ရှင်လုကာခရစ်ဝင် 20
Cross References
Matthew 20:2အလုပ်သမားတို့အားပေးနေကျနေ့စားခ၊ ဒေနာရိဒင်္ဂါးတစ်ပြားနှင့်ငှားရန်သဘောတူ သဖြင့်သူတို့အားစပျစ်ဥယျာဉ်သို့စေလွှတ် လိုက်၏။-
Mark 12:16သူတို့ယူခဲ့ကြလျှင်ကိုယ်တော်က ``ဤရုပ်ပုံ၊ ဤကမ္ပည်းလိပ်စာသည်မည်သူ့ရုပ်ပုံ၊ မည်သူ့ ကမ္ပည်းလိပ်စာဖြစ်သနည်း'' ဟုမေးတော်မူ၏။ သူတို့က ``ဧကရာဇ်မင်း၏ရုပ်ပုံ၊ ဧကရာဇ်မင်း၏ ကမ္ပည်းလိပ်စာဖြစ်ပါသည်'' ဟုပြန်၍လျှောက်ကြ၏။
Luke 3:1ဧကရာဇ်မင်းတိဗေရိနန်းစံတစ်ဆယ့်ငါးနှစ် မြောက်သောအခါ ယုဒပြည်တွင်ပုန္တိပိလတ်သည် ဘုရင်ခံဖြစ်၏။ ဂါလိလဲပြည်တွင်ဟေရုဒ်၊ ဣတုရဲ ပြည်နှင့်တရာခေါနိတ်ပြည်တွင်ဟေရုဒ်၏ညီ ဖိလိပ္ပု၊ အဘိလင်ပြည်တွင်လုသာနိတို့သည် အသီးသီးဘုရင်ခံဖြစ်ကြ၏။-
Luke 23:2ထိုနောက်သူတို့က ``ဤသူသည်ပြည်သူတို့အား လမ်းလွဲစေရန် ကဲသာဘုရင်အားအခွန်တော် မပေးမဆက်နှင့်ဟုတားမြစ်သည်ကိုလည်း ကောင်း၊ မိမိကိုယ်ကိုမေရှိယတည်းဟူသော ဘုရင်တစ်ပါးဖြစ်ကြောင်းပြောဆိုသည်ကို လည်းကောင်း အကျွန်ုပ်တို့တွေ့ရှိရပါ၏'' ဟု ဆို၍ကိုယ်တော်ကိုစွပ်စွဲကြ၏။
Acts 25:8ပေါလုက ``အကျွန်ုပ်သည်ယုဒအမျိုးသား တို့၏ပညတ်တရားကိုဖြစ်စေ၊ ဗိမာန်တော် ကိုဖြစ်စေ၊ ရောမဧကရာဇ်မင်းကိုဖြစ်စေ ပြစ်မှားမှုတစ်စုံတစ်ခုကိုမျှမကူးလွန် ခဲ့ပါ'' ဟုချေပပြောဆို၏။
Philippians 4:22ဘုရားသခင်၏လူစုတော်ဝင်အပေါင်းတို့ ကနှုတ်ဆက်လိုက်ပါ၏။ အထူးသဖြင့်ကဲသာ ဘုရင်၏နန်းတော်ရှိညီအစ်ကိုများက နှုတ်ဆက်လိုက်ပါ၏။