ရှင်လုကာခရစ်ဝင် 20:25
ကိုယ်တော်က ``ကဲသာဘုရင်ပိုင်သည့်အရာကို ကဲသာဘုရင်အားဆက်ကြလော့။ ဘုရားသခင် ပိုင်သည့်အရာကိုဘုရားသခင်အားဆက်ကြ လော့'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 20
Cross References
Matthew 17:27သို့ရာတွင်သူတို့စိတ်မနာသွားစေရန်သင်သည် အိုင်သို့သွား၍ငါးကိုမျှားလော့။ အဦးမိသည့် ငါးပါးစပ်ကိုဖွင့်လော့။ ငွေဒင်္ဂါးတစ်ပြားကို တွေ့လိမ့်မည်။ ထိုငွေကိုယူ၍သင်နှင့်ငါ့အတွက် အခွန်တော်ကိုသူတို့အားပေးဆောင်လော့'' ဟု မိန့်တော်မူ၏။
Mark 12:17သခင်ယေရှုက ``ဧကရာဇ်မင်းပိုင်သည့်အရာကို ဧကရာဇ်မင်းအားဆက်ကြလော့။ ဘုရားသခင်ပိုင် သည့်အရာကိုဘုရားသခင်အားဆက်ကြလော့'' ဟုထိုသူတို့အားမိန့်တော်မူလျှင်သူတို့သည် အံ့သြကြ၏။
Acts 5:29ပေတရုနှင့်တမန်တော်တို့က``ငါတို့သည် လူ့အမိန့်ထက်ဘုရားသခင့်အမိန့်တော် ကိုနားထောင်ရမည်။-
1 Corinthians 10:31သင်တို့သည်စားသည်ဖြစ်စေ၊ အဘယ်အမှု ကိုပြုသည်ဖြစ်စေ ဘုရားသခင်၏ဘုန်း အသရေတော်အတွက်ပြုကြလော့။-
1 Peter 4:11တရားဟောပြောသူသည်ဘုရားသခင်၏ ဗျာဒိတ်တော်ကိုဟောပြောစေ။ အစေခံသော သူသည်ဘုရားသခင်ပေးတော်မူသောအစွမ်း သတ္တိအတိုင်းလုပ်ဆောင်စေ။ သို့မှသာပြုလေ သမျှသောအမှုတို့တွင် ယေရှုခရစ်အား ဖြင့်ဘုရားသခင်၏ဘုန်းအသရေထွန်းလင်း လိမ့်မည်။ အရှင်ယေရှုခရစ်သည်ကမ္ဘာအဆက် ဆက်ထွန်းတောက်တော်မူပါစေသတည်း။ အာမင်။