ရှင်လုကာခရစ်ဝင် 20:36
သူတို့သည်ကောင်းကင်တမန်များကဲ့သို့ဖြစ် သဖြင့်သေနိုင်ကြမည်မဟုတ်။ သူတို့သည် သေခြင်းမှရှင်ပြန်ထမြောက်စေသူများဖြစ် သောကြောင့်ဘုရားသခင်၏သားများဖြစ် ကြ၏။
Common Language Bible
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 20
Cross References
Hosea 13:14ငါသည်ဤသူတို့ကိုမရဏာနိုင်ငံမှလည်း ကောင်း၊ သေမင်း၏အာဏာအတွင်းမှသော် လည်းကောင်းကယ်တင်မည်မဟုတ်။ အို သေမင်း သင်၏ကပ်ရောဂါဘေးကျရောက်စေလော့။ အို မရဏာနိုင်ငံသင်၏ပျက်စီးခြင်းဘေး ကျရောက်စေလော့။ ငါသည်ဤသူတို့ကို မသနားမကြင်နာတော့ပြီ။-
Matthew 22:30လူတို့သည်သေခြင်းမှရှင်ပြန်ထမြောက်ကြသော အခါထိမ်းမြားစုံဖက်ခြင်းကိုမပြုတော့ပြီ။ သူ တို့သည်ကောင်းကင်တမန်များကဲ့သို့ဖြစ်ကြ လိမ့်မည်။-
Romans 8:17ငါတို့သည်ဘုရားသခင်၏သားသမီးများ ဖြစ်သဖြင့်ကိုယ်တော်၏လူစုတော်အတွက် ကိုယ်တော်လျာထားတော်မူသောကောင်းချီး မင်္ဂလာများကိုခံစားရကြမည်။ ခရစ်တော် အတွက်ဘုရားသခင်လျာထားတော်မူ သည့်ဂုဏ်အသရေကိုလည်းခံစားရကြ မည်။ အဘယ်ကြောင့်ဆိုသော်ငါတို့သည် ခရစ်တော်နှင့်အတူဝေဒနာခံစားကြ လျှင် ကိုယ်တော်နှင့်အတူဘုန်းအသရေ တော်ခံစားရကြမည်ဖြစ်သောကြောင့် တည်း။
1 Corinthians 15:42ထိုနည်းတူသေလွန်သူတို့ရှင်ပြန်ထမြောက်ခြင်း သည်ဤအတိုင်းဖြစ်၏။ ကိုယ်ခန္ဓာသည်မြေ၌မြှုပ်နှံ ခြင်းခံရသောအခါပုပ်ပျက်တတ်သောအဖြစ် တွင်ရှိ၏။ ရှင်ပြန်ထမြောက်သောအခါ၌မပုပ် မပျက်တတ်သောအဖြစ်တွင်ရှိလိမ့်မည်။-
1 Thessalonians 4:13ညီအစ်ကိုတို့၊ သေလွန်ပြီးနောက်မျှော်လင့်စရာ မရှိသူတို့ကဲ့သို့ သင်တို့ဝမ်းနည်းကြေကွဲမှု မဖြစ်ကြစေရန် ငါတို့သည်သေလွန်သူများ နှင့်ပတ်သက်၍သင်တို့အားအမှန်တရားကို သိစေလို၏။-