ရှင်လုကာခရစ်ဝင် 20:38
ထိုသူတို့သည်ကိုယ်တော်ရှေ့တော်၌ ထာဝရ ကာလပတ်လုံးအသက်ရှင်သူများဖြစ်ကြ သဖြင့် ထာဝရဘုရားသည်သေလွန်သူတို့ ၏ဘုရားမဟုတ်။ အသက်ရှင်နေသူတို့၏ ဘုရားဖြစ်တော်မူ၏'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
For he is not a God of the dead, but of the living: for all live unto him.
In Context
Read all of ရှင်လုကာခရစ်ဝင် 20
Cross References
Psalms 16:5အို ထာဝဘုရား၊ ကျွန်တော်မျိုးမှီခိုရာကိုယ်တော်ရှင်တစ်ပါး သာလျှင် ရှိပါ၏။ ကျွန်တော်မျိုးလိုသောအရာရှိသမျှတို့ကိုလည်း ကိုယ်တော်ရှင်ပေးတော်မူပါ၏။ ကျွန်တော်မျိုး၏အနာဂတ်သည်ကိုယ်တော်၏ လက်ဝယ်ရှိပါ၏။
Psalms 145:1ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုး၏ဘုရင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင် ကြီးမြတ်တော်မူပုံကိုထုတ်ဖော်ကြေညာပါမည်။ ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုကာလအစဉ် အဆက် ချီးမွမ်းပါမည်။
John 11:25သခင်ယေရှုက ``ငါသည်အသက်ရှင်ခြင်း၊ ရှင် ပြန်ထမြောက်ခြင်းအရှင်ဖြစ်၏။ ငါ့ကိုယုံ ကြည်သောသူသည်သေသော်လည်းရှင်လိမ့် မည်။-
Romans 6:10သို့ဖြစ်၍ကိုယ်တော်အသေခံတော်မူသော ကြောင့်အပြစ်တရားသည်ကိုယ်တော်ကိုအစိုး မရတော့ချေ။ ယခုကိုယ်တော်သည်ဘုရား သခင်နှင့်မိတ်သဟာယဖွဲ့လျက်အသက် ရှင်တော်မူ၏။-
Romans 14:7ငါတို့အနက်အဘယ်သူမျှတစ်ကိုယ်တည်း အတွက်သာအသက်မရှင်။ တစ်ကိုယ်တည်း အတွက်သာမသေ။-
2 Corinthians 13:4ကိုယ်တော်သည်လက်ဝါးကပ်တိုင်တွင်အသတ်ခံရ စဉ်အခါ၌စွမ်းအားနည်းသည့်အခြေအနေ၌ ရှိတော်မူခဲ့သော်လည်း၊ ယခုအခါဘုရားသခင် ၏တန်ခိုးတော်အားဖြင့်အသက်ရှင်လျက်နေတော် မူလေပြီ။ ငါတို့သည်လည်းကိုယ်တော်နှင့်တစ်လုံး တစ်ဝတည်းရှိသဖြင့်စွမ်းအားနည်းရကြ၏။ သို့ ရာတွင်ငါတို့သည်ဘုရားသခင်၏တန်ခိုးတော် အားဖြင့် ခရစ်တော်နှင့်အတူအသက်ရှင်လျက် သင်တို့နှင့်ဆက်ဆံမည်။