ရှင်လုကာခရစ်ဝင် 22:19
ထိုနောက်ကိုယ်တော်သည်မုန့်ကိုယူ၍ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော်မူ ပြီးလျှင် မုန့်ကိုဖဲ့၍တပည့်တော်တို့အား ပေးတော်မူ၏။ ကိုယ်တော်က ``ဤမုန့်ကားသင် တို့အတွက်စွန့်သောငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုအောက်မေ့သတိရရန်ဤသို့ပြု ကြလော့'' ဟုမိန့်တော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 22
Cross References
Psalms 78:4ယင်းတို့ကိုငါတို့သည်သားမြေးများထံမှ ထိမ်ဝှက်၍ထားမည်မဟုတ်။ ထာဝရဘုရား၏တန်ခိုးတော်နှင့်ကြီးမြတ်သော အမှုတော်ကိုလည်းကောင်း၊ကိုယ်တော်ပြုတော်မူသော အံ့သြဖွယ်ရာအမှုတို့ကိုလည်းကောင်း နောက်လူမျိုးဆက်အားဖော်ပြမည်။
Song of Solomon 1:4အိုယေရုရှလင်မြို့သမီးတို့၊ ငါသည်ကေဒတဲ ကဲ့သို့ မည်သေအဆင်းရှိသော်လည်း၊ ရှောလမုန်မင်း၏ ကုလားကာကဲ့သို့ တင့်တယ်သေး၏။
Ezekiel 37:11ဘုရားသခင်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့သည်ထိုအရိုးများနှင့်တူ ကြ၏။ သူတို့ကငါတို့သည်သွေ့ခြောက်လျက် သေ၍နေလေပြီ။ အနာဂတ်အတွက်မျှော် လင့်စရာမရှိတော့ဟုဆိုကြ၏။-
Daniel 4:22``အရှင်မင်းကြီး၊ အရှင်ကားထိုသစ်ပင်ကြီး ပင်ဖြစ်ပါ၏။ အရှင်သည်မိုးကောင်းကင်တိုင် အောင်မြင့်မားကြီးမြတ်တော်မူလျက်တန် ခိုးတော်သည်ကမ္ဘာတစ်ဝန်းလုံးကိုလွှမ်းမိုး ပါ၏။-
Matthew 14:19ကိုယ်တော်သည်လူပရိသတ်တို့ကိုမြက်ခင်းပေါ် တွင်ထိုင်စေတော်မူ၏။ ထိုနောက်မုန့်ငါးလုံးနှင့်ငါး နှစ်ကောင်ကိုယူ၍ကောင်းကင်သို့မျှော်ကြည့်လျက် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော်မူ ပြီးလျှင် မုန့်များကိုဖဲ့၍တပည့်တော်တို့အားပေး တော်မူ၏။ တပည့်တော်တို့သည်လည်းလူတို့အား ဝေပေးကြ၏။-
Mark 14:22ကိုယ်တော်နှင့်တပည့်တော်တို့သည်ညစာစား နေကြစဉ်ကိုယ်တော်သည်မုန့်ကိုယူ၍ ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော်မူ၏။ ထိုနောက်မုန့်ကိုဖဲ့၍ ``ဤမုန့်ကားငါ၏ကိုယ် ခန္ဓာဖြစ်၏။ ယူ၍စားကြလော့'' ဟုမိန့်တော်မူ ပြီးလျှင်တပည့်တော်တို့အားဝေပေးတော် မူ၏။