ရှင်လုကာခရစ်ဝင် 22:32
သို့ဖြစ်၍သင်၏ယုံကြည်ခြင်းခိုင်မြဲစေရန် ငါဆုတောင်းလေပြီ။ သင်သည်သတိတရား ပြန်လည်ရရှိသောအခါသင်၏ညီအစ်ကို များအားခွန်အားဖြည့်တင်းပေးရမည်'' ဟု မိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 22
Cross References
Psalms 32:3ကျွန်တော်မျိုးသည်မိမိ၏အပြစ်များကို မဖော်ပြ၊ဝန်မခံဘဲနေသောအခါ တစ်နေ့လုံးငိုကြွေးရသဖြင့်မောပန်းနွမ်းနယ် ခဲ့ပါ၏။
Zechariah 3:2ထာဝရဘုရား၏ကောင်းကင်တမန်ကစာတန် အား``အို စာတန်၊ ထာဝရဘုရားသည်သင့်အား အပြစ်ဒဏ်ခတ်တော်မူပါစေသော။ ယေရုရှလင် မြို့ကိုချစ်မြတ်နိုးတော်မူသောထာဝရဘုရား သည် သင့်အားအပြစ်ဒဏ်ခတ်တော်မူပါစေသော။ ဤသူသည်မီးထဲမှဆွဲနုတ်လိုက်သည့်တုတ် ချောင်းနှင့်တူပါ၏'' ဟုပြော၏။
Matthew 26:75ထိုအခါ ``ကြက်မတွန်မီသင်သည်ငါ့ကိုမသိ ဟုသုံးကြိမ်မြောက်အောင်ငြင်းဆိုလိမ့်မည်'' ဟု သခင်ယေရှုမိန့်တော်မူခဲ့သည့်စကားကို ပေတရုသည်ပြန်လည်သတိရသဖြင့်အပြင် သို့ထွက်၍ဝမ်းနည်းပက်လက်ငိုကြွေးလေ၏။
Mark 16:7သင်တို့သည်ပေတရုနှင့်အခြားတပည့်တော်များ ထံသို့သွား၍``ကိုယ်တော်သည်ဂါလိလဲပြည်သို့ သင်တို့အလျင်ကြွနှင့်တော်မူလိမ့်မည်။ ယခင်က သင်တို့အားမိန့်မှာတော်မူခဲ့သည့်အတိုင်း ကိုယ်တော် ကိုဂါလိလဲပြည်မှာဖူးတွေ့ရကြလိမ့်မည်ဟု ပြောကြားလော့'' ဟုဆို၏။
Luke 22:61အရှင်ဘုရားသည်လှည့်၍ပေတရုကိုကြည့် တော်မူ၏။ ထိုအခါပေတရုသည် ``ယနေ့ည ကြက်မတွန်မီသင်သည် ငါ့ကိုမသိဟုသုံးကြိမ် မြောက်အောင်ငြင်းဆိုလိမ့်မည်'' ဟူသောသခင် ဘုရား၏စကားတော်ကိုပြန်၍သတိရ၏။-
John 17:9``အကျွန်ုပ်သည်သူတို့အတွက်ဆုတောင်းပါ၏။ လောကသားတို့အတွက်ဆုတောင်းသည်မဟုတ် ပါ။ အကျွန်ုပ်အားကိုယ်တော်ပေးအပ်တော်မူသော သူများသည်ကိုယ်တော်ပိုင်ဆိုင်သူများဖြစ် သဖြင့် ထိုသူတို့အတွက်သာလျှင်ဆုတောင်း ပါ၏။-